JUNGKOOK က‘Chipotle’ ကိုChicotle လို့မှားခေါ်ခဲ့ပေမဲ့တကယ်ကိုနာမည်ပြောင်းပစ်ခဲ့တဲ့အမေရိကန်စားသောက်ကုန်လုပ်ငန်း
နာမည်ကြီးK-pop group ဖြစ်တဲ့BTS ရဲ့JUNGKOOK ဟာမေရိကန်စားသောက်ကုန်လုပ်ငန်းစုရဲ့နာမည်ကိုတောင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဇန်နဝါရီ(၂၃)ရက်နေ့ကBTS ရဲ့video အသစ်မှာLos Angeles မှာရှိခဲ့တုန်းကmember တွေရဲ့behind-the-scene တွေကိုမျှဝေခဲ့ပါတယ်။
ဒီvideo ထဲမှာ‘Lunch Time with Chipotle – BTS’ ဆိုပီးနားချိန်မှာmember တွေကChipotle ကအစားအသောက်တွေကိုစားနေခဲ့ပါတယ်။ဒီvideo ထဲမှာပထမဆုံးပါလာသူကJungkook ဖြစ်ပါတယ်။burrito ပန်းကန်ကိုမွှေနေစဉ်Jungkook က“ဒါကိုဘယ်လိုစားရလဲ။ဒါက‘Chicotle’ မလား။‘Chicotle’?” ဆိုပီးstaff တစ်ယောက်ကိုမေးခဲ့ပါတယ်။
အဲဒီနောက်ဇွန်းအပြည့်ခပ်လိုက်ပီး“ငါဒါကိုနေ့တိုင်းစားချင်တယ်။အရမ်းအရသာရှိတာပဲ” လို့ပြောခဲ့ပါတယ်။ဒါပေမဲ့Jungkook ကဒီနာမည်ကိုချစ်ဖို့ကောင်းအောင်မှားခေါ်ခဲ့တာပါ။Fan တွေက“Jungkook က ‘Chicotle’ ဆိုဒါက‘Chicotle’ ပဲ” ဆိုပီးမှတ်ချက်တွေပေးခဲ့ပါတယ်။နာရီအနည်းငယ်ကြာပီးနောက်Chipotle ရဲ့official Twitter ကနေ“အခုချိန်ကစပီးChicotle ဖြစ်သွားပါပီ” ဆိုပီးTwitter name ကိုပြောင်းလဲခဲ့ပါတယ်။
Fan တွေက“ဒါကချစ်ဖို့ကောင်းသလိုရယ်ရတယ်“”BTS ကဘယ်လောက်ကျော်ကြားနေလဲဆိုတာငါ့ကိုအံ့ဩစေတယ်” ဆိုပီးမှတ်ချက်တွေပေးခဲ့ပါတယ်။
Source:SBS star