သူ့ရဲ့Drama မှာသူငယ်ချင်းBTS V နဲ့အလုပ်တူတူလုပ်ခွင့်ရတာပျော်ရွှင်ကြောင်းပြောပြခဲ့တဲ့Choi Woo Shik

သူ့ရဲ့Drama မှာသူငယ်ချင်းBTS V နဲ့အလုပ်တူတူလုပ်ခွင့်ရတာပျော်ရွှင်ကြောင်းပြောပြခဲ့တဲ့Choi Woo Shik

ဇန်နဝါရီ(၂၄)ရက်နေ့ကChoi Woo Shik ဟာသူ့ရဲ့romance drama ဖြစ်တဲ့  ‘Our Beloved Summer’ အတွက်အင်တာဗျူးလုပ်ခဲ့ပါတယ်။      

အဲဒီအထဲမှာV ကdrama အတွက်  ‘Christmas Tree’ သီချင်းဆိုပေးခဲ့တဲ့မေးခွန်းလဲပါခဲ့ပါတယ်။Choi Woo Shik ကသီချင်းကအရမ်းအံ့ဩဖို့ကောင်းတယ်။ငါ့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့အကောင်းဆုံးကူညီပေးခဲ့တယ်။V  ကဒီသီချင်းကိုငါတို့အတွက်ဆိုပေးမယ်လို့ပြောတုန်းကအရမ်းကျေးဇူးတင်ခဲ့တယ်။V နဲ့project တစ်ခုမှာအလုပ်တူတူလုပ်ခွင့်ရတဲ့အတွက်အရမ်းပျော်ပီးနှလုံးသားထဲမှာအမြဲအမှတ်ရနေမှာပါလို့ပြောခဲ့ပါတယ်။

နောက်ပီး“Christmas Tree’ ကV,ဒါရိုက်တာနဲ့ငါတို့လိုချင်သလိုထွက်ရှိလာခဲ့တယ်။ဒါကြောင့်သီချင်းကိုကမ္ဘာပေါ်ကလူသားတွေကြိုက်နှစ်သက်ကြတယ်လို့ထင်တယ်။လို့ပြောခဲ့ပါတယ်။

သတင်းထောက်တစ်ယောက်ကChoi Woo Shik, V, singer Peakboy, actors Park Seo Jun  နဲ့Park Hyung Sik တို့ဖွဲ့ထားတဲ့‘Wooga family’ ကWoo Shik ရဲ့ပထမဆုံးအချစ်Drama အပေါ်ဘယ်လိုတုံ့ပြန်မှုတွေပေးခဲ့လဲလို့မေးပါတယ်။Woo Shik ကသူတို့ကငါကောင်းကောင်းမလုပ်ခဲ့ရင်တောင်အမြဲတမ်းအားပေးနေတဲ့သူငယ်ချင်းမျိုးတွေပါ။သူတို့တွေကမယုံနိုင်လောက်အောင်ကောင်းကြတဲ့သူငယ်ချင်းတွေပါ။သူငယ်ချင်းတွေလာဖြစ်ပေးလို့ငါအရမ်းကံကောင်းတယ်။ငါကအမြဲတမ်းကောင်းတဲ့လူတွေနဲ့တွေ့ဆုံခွင့်ရခဲ့ပီးအနားမှာရှိတဲ့သူတွေကလူကောင်းတွေချည်းပါပဲလို့ပြောခဲ့ပါတယ်။

Source:SBS star

Leave a Reply

Your email address will not be published.