‘Squid Game’ နဲ့‘All of Us are Dead’ မတိုင်ခင်အကြိမ်(၄၀၀)နီးပါးAudition လုပ်ခဲ့တဲ့Lee Yumi
သူမမအောင်မြင်ခင်ကခက်ခဲတဲ့အရာတွေကိုအကြာကြီးကြုံတွေ့ခဲ့ရပါတယ်။‘Esquire Korea’ ရဲ့ဖေဖေါ်ဝါရီလအတွက်အင်တာဗျူးမှာLee Yumi က ‘Squid Game’ နဲ့‘All of Us are Dead’ Series နဲ့အောင်မြင်လာခဲ့တဲ့သူမရဲ့နောက်ကအကြောင်းအရာတွေကိုပြောပြခဲ့ပါတယ်။
Project တစ်ခုအတွက်ဘယ်နှကြိမ်audition လုပ်ခဲ့ရလဲလို့မေးတဲ့အခါသူမက“ငါလုပ်ခဲ့တဲ့audition အရေအတွက်ကိုခန့်မှန်းလို့တောင်မရနိုင်ပါဘူး။အကြိမ်ရေအများကြီးပဲ။ငါကဒီအရာကိုလုပ်ရဖို့အသက်ရှင်နေတာလို့ထင်တယ်။အကြိမ်(၁၀၀)နဲ့အထက်ကတော့သေချာတယ်။၄၀၀ကျော်၅၀၀လောက်ရှိလိမ့်မယ်။“လို့ဖြေခဲ့ပါတယ်။
Lee Yumi ဟာ1994 မှာမွေးဖွားခဲ့ပီးသူမရဲ့သရုပ်ဆောင်လမ်းကြောင်းကိုအသက်(၁၆)နှစ်မှာပဲစတင်ခဲ့ပါတယ်။2021 မှာတော့ ‘Hostage: Missing Celebrity’ နဲ့Netflix series ‘Squid Game’ တို့မှာပါဝင်ပီးအရမ်းအောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့နောက်ဆုံးproject ကတော့ ‘All of Us are Dead’ ဖြစ်ပီး ‘Rain Angel’ Movie လဲထွက်လာဖို့ရှိနေပါတယ်။
Source:Kstarlive