2022 မှာdrama အတူပြန်ရိုက်နိုင်ခြေရှိတဲ့Nadech Kugimiya နဲ့Kimmy Kimberley
ဒီဇင်ဘာ(၂၁)ရက်နေ့တုန်းက2022 မှာထွက်ရှိလာမဲ့Thai TV3 calendar ကိုTV program ဖြစ်တဲ့‘Rueng Lao Chao Nee’ မှာပြသခဲ့ပါတယ်။
များစွာသောThai TV3 ဒရမ်မာစုံတွဲတွေဟာဒီcalendar မှာပါဝင်နေပါတယ်။သူတို့ထဲကတစ်တွဲကတော့Nadech Kugimiya နဲ့Kimmy Kimberley Anne Woltemas တို့ပါပဲ။
Kimmy ဟာသူမအရင်တုန်းကအလုပ်တူတူလုပ်ဖူးတဲ့မင်းသားနဲ့drama အသစ်မှာသရုပ်ဆောင်ဖို့ရှိတယ်လို့ပြောထားပါတယ်။ဘယ်သူလဲဆိုတာတော့မပြောပြထားပါဘူး။
ဒီdrama အသစ်ရဲ့အချက်အလက်တွေကိုနောက်နှစ်မှာထုတ်ပြသွားမယ်လို့သိရပါတယ်။
Source:Thai Update