သူမလက်မထပ်နိုင်သေးတဲ့အကြောင်းအရင်းကIU ကြောင့်ပါလို့ဝန်ခံခဲ့တဲ့Yoo In Na
Yoo In Na ကတော့တစ်နေ့မှာလက်ထပ်ဖို့အစီအစဉ်ရှိပေမဲ့IU ကတော့မသေချာပါဘူး။အချစ်ရေးအကြောင်းပြောတဲ့အခါYoo In Na ကသူမသာright person တွေ့ခဲ့ရင်လက်ထပ်ပါမယ်လို့ဝန်ခံခဲ့ပါတယ်။
အခုနောက်ပိုင်းအတွဲတွေမှာwedding မရှိတော့တာအရမ်းခေတ်စားနေတာမို့Yoo In Na ကwedding မရှိတာမျိုးတော့မလိုချင်ပါဘူး။ရင်းနှီးတဲ့သူငယ်ချင်းတွေဖိတ်လို့ရမဲ့wedding ပွဲအသေးတော့လုပ်ပါမယ်။ရင်းနှီးတဲ့သူတွေနဲ့ဆိုအကုန်လုံးကပီးပျော်ပျော်ကြီးကျင်းပလို့ရပီလို့ပြောခဲ့ပါတယ်။
ဒါပေမဲ့သူမင်္ဂလာမဆောင်ရသေးတဲ့အကြောင်းရင်းIU ကြောင့်ပါတဲ့။IU ကိုသူမလက်ထပ်ဖို့အကြောင်းပြောတိုင်းဂရုမစိုက်သလိုနဲ့စိတ်ပြောင်းအောင်ပြောလို့ပါ။ဒီလိုနဲ့သူမပြောတာကိုနားထောင်ပီးလက်မထပ်သင့်သေးဘူးဆိုပီးနေပါတယ်။ဒါပေမဲ့အဲလိုပြောပီးIU ကလက်ထပ်သင့်တယ်လို့ပြန်ပြောပါတယ်။အဲဒါနဲ့သူမကိုငါတို့လက်ထပ်သင့်နေပီလို့ပြန်ပြောခဲ့ပါတယ်။
IU ကစိတ်မကြာခဏပြောင်းနေတတ်ပီးYoo In Na ကလဲIU ပြောသလိုစိတ်ယိမ်းယိုင်လွယ်တာကြောင့်ပါ။Fan တွေက“Yoo In Na က IU ပြောသလိုအမြဲလက်ခံနေတာချစ်စရာလေး” လို့မှတ်ချက်တွေပေးခဲ့ကြပါတယ်။လက်ထပ်မဲ့အကြောင်းတွေကိုအမြဲတမ်းဆွေးနွေးဖြစ်တာကြည့်ခြင်းအားဖြင့်သူတို့ရဲ့Friendship ဘယ်လောက်ထိclose ဖြစ်လဲဆိုတာကိုတွေ့ရမှာပါ။
Source:Soompi