Hyun Bin နဲ့လက်ထပ်မဲ့သတင်းကိုဂုဏ်ပြုပေးခဲ့ကြတဲ့Son Ye Jin ရဲ့celebrity သူငယ်ချင်းများ
Son Ye Jin နဲ့Hyun Bin တို့ရဲ့မတ်လမှာလက်ထပ်မဲ့သတင်းကိုကြေငြာခဲ့ပီးနောက်သူမရဲ့များစွာသောcelebrity သူငယ်ချင်းတွေကဒီသတင်းအတွက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။
ကြေငြာထားတဲ့Son Ye Jin ရဲ့IG post အောက်မှာFan တွေနဲ့သူမရဲ့သူငယ်ချင်းတွေကဂုဏ်ပြုပေးခဲ့ကြပါတယ်။Song Yoon Ah က“ငါတို့ရဲ့Yejinnie၊တွေ့တဲ့အချိနိစကားတွေပြောရအောင်” ဆိုပီးရေးခဲ့ပါတယ်။Lee Jung Hyun ကတော့“Yay ငါတို့ရဲ့Yejinnie,ငါမျက်ရည်တွေအများကြီးကျနေမိတယ်။Bin နဲ့မင်းကအလှပဆုံးcouple ဖြစ်လာမှာအသေအချာပါပဲ” လို့ရေးခဲ့ပါတယ်။
Oh Yoon Ah ကတော့“Congratulation Yejin။ငါမင်းအတွက်အရမ်းဝမ်းသာတာပဲ။Bin ကျေးဇူးပြုပီးငါတို့Yejinnie ကိုပျော်ရွှင်အောင်ထားပေးပါ” လို့ရေးခဲ့ပါတယ်။Lee Min Jung ကချစ်ဖို့ကောင်းတဲ့comment “Boom boom boom” လို့ရေးပီးဒါဟာစိတ်လှုပ်ရှားလွန်းလို့ဂုဏ်ပြုတဲ့အသံဆိုပီးရှင်းပြခဲ့ပါသေးတယ်။
Source:Soompi