All of Us are Dead’ သရုပ်ဆောင်တွေမှာလျှို့ဝှက်ဆက်သွယ်တဲ့Room တစ်ခုရှိတယ်လို့ပြောပြခဲ့တဲ့Yoo Insoo

‘All of Us are Dead’ သရုပ်ဆောင်တွေမှာလျှို့ဝှက်ဆက်သွယ်တဲ့Room တစ်ခုရှိတယ်လို့ပြောပြခဲ့တဲ့Yoo Insoo

သူကတော့ဒီchat room ထဲမှာမပါဝင်ပါဘူး။ဖေဖေါ်ဝါရီ(၁၅)ရက်နေ့တုန်းကYoo Insoo ဟာmedia နဲ့အတူအင်တာဗျူးလုပ်ခဲ့ပါတယ်။Yoo Insoo ကဒီseries ထဲမှာYoon Gwinam ဆိုတဲ့ဗီလိန်ဇာတ်ကောင်ကနေသရုက်ဆောင်ထားသူပါ။သူဟာတစ်ခြားသူတွေအပေါ်အနိုင်ကျင့်ပီးသူလုံခြုံဖို့ဘာမဆိုလုပ်မဲ့သူမျိုးပေါ့။ 

အင်တာဗျူးမှာYoo Insoo ကတကယ်တော့2-5 အခန်းကကျောင်းသားတွေမှာလျှို့ဝှက်ဆက်သွယ်ကြတဲ့chat Room ရှိပါတယ်။ဒါပေမဲ့အဲဒီထဲမှာသူမပါနေဘူးလို့ပြောခဲ့ပါတယ်။သူကရိုက်ကူးရေးလုပ်တဲ့အချိန်အတွင်းတစ်ယောက်ထဲရိုက်ရတဲ့scene တွေများတယ်။Yoon Chanyoung, Park Jihu စတဲ့တစ်ခြားcast တွေကိုတွေ့တဲ့အခါသူတို့တွေအရမ်းရင်းနှီးနေတာကမနာလိုဖြစ်စေခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။

သူတို့တွေgroup photo share ကြတော့သူတို့မှာလျှို့ဝှက်chat room ရှိနေတာကြောင့်ဒီလိုအရမ်းရင်းနှီးနေကြပါလားဆိုပီးနားလည်သဘောပေါက်ခဲ့ပါတယ်ဆိုပီးရှင်းပြခဲ့ပါတယ်။ငါတို့ဓာတ်ပုံတူတူရိုက်ခဲ့ပေနဲ့အဲဒီphoto ထဲမှာတော့ငါမပါနေပါဘူး။ငါဒီမှာရှိနေလားမရှိနေဘူးလားဆိုတာကိုသူတို့ဂရုမစိုက်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။

Yoo Insoo ကYoon Chanyoung ကိုဟာသအနေနဲ့တိုင်တန်းခဲ့ပါတယ်။သူကငါကတစ်ခါChanyoung ကိုဒီအကြောင်းပြောဖို့လုပ်ခဲ့ပေမဲ့သူကဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူး။ငါသူ့ကိုအချက်ပြခဲ့ပေမဲ့သူကလျစ်လျူရှုခဲ့ပါတယ်ဆိုပီးပြောခဲ့ပါတယ်။

Source:Soompi

Leave a Reply

Your email address will not be published.