၁၀နှစ်ကျော်ကြာပီးနောက်Fan တွေရှေ့တူတူပြန်လာရတဲ့ခံစားချက်ကိုမျှဝေခဲ့ကြတဲ့Mario Maurer နဲ့Baifern Pimchanok
ဖေဖေါ်ဝါရီ(၁၆)ရက်နေ့တုန်းကMario Maurer နဲ့Baifern Pimchanok တို့ဟာ “AI Love You” movie အတွက်သတင်းထောက်တွေနဲ့အတူအင်တာဗျူးလုပ်ခဲ့ပါတယ်။
သူတို့(၂)ယောက်(၁၀)နှစ်ကြာပီးနောက်movie အသစ်နဲ့ပြန်ဆုံရတဲ့အပေါ်ခံစားချက်ကိုလဲပြောပြခဲ့ပါတယ်။Mario Maurer က “A Little Thing Called Love” movie ပီးတဲ့နောက်(၁၀)နှစ်အတွင်းတစ်ခါမှအလုပ်တူတူမလုပ်ခဲ့ရတာမို့အရမ်းဝမ်းသာမိတယ်လို့ပြောခဲ့ပါတယ်။Mario ကသူမကိုevent တွေမှာတစ်ခါတစ်လေတွေ့ကြောင်းလဲပြောခဲ့ပါတယ်။
Baifern ကတော့ပထမဆုံးmovie မှာအလုပ်တူတူလုပ်ထဲကကျေးဇူးတင်နေခဲ့တာပါ။တကယ်လို့အဲဒီmovie မှာMario နဲ့သာအတူသရုပ်မဆောင်ခဲ့ရင်ဒီနေ့လိုသူအောင်မြင်မှုရနေမှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။
ပထမဆုံးMovie စရိုက်ထဲကMario ဟာအမြဲတမ်းcamera နောက်မှာနေပီးBaifern ကိုကူညီပေးဖို့ရှိနေခဲ့ပါတယ်။သူရိုက်ရမဲ့scene မဟုတ်ရင်တောင်အမြဲရှိနေပေးတဲ့သူပါ။
Source:Thai Update