Hyun Bin နဲ့လက်ထပ်ဖြစ်တာဟာကံတရားကြောင့်ပါလို့ပြောခဲ့တဲ့Son Yejin
သူမရဲ့Drama အသစ်ဖြစ်တဲ့‘Thirty-Nine’ ရဲ့press conference ဟာSon Yejin ကမကြာခင်မှာHyun Bin နဲ့လက်ထပ်တော့မှာဖြစ်တဲ့အတွက်သူမရဲ့ခံစားမှုကိုပြောပြခဲ့ပါတယ်။သူမက“ဒီလိုနေရာမှာကျွန်မရဲ့personal အကြောင်းဘယ်လိုပြောရမလဲတောင်မသိပါဘူး။ဒါက2022 မှာကျွန်မရဲ့အကြီးမားဆုံးအမှတ်တရတစ်ခုဖြစ်နေလိမ့်မယ်လို့ထင်တယ်။ဒါကကံတရားတစ်ခုလိုပဲခံစားရတယ်” လို့ပြောခဲ့ပါတယ်။
Son Yejin က“လူတွေဆီကဂုဏ်ပြုစကားတွေအများကြီးလက်ခံရရှိခဲ့တယ်။ဒါကြောင့်ဒီအခွင့်အရေးကိုအသုံးပြုပီးအားပေးကြတဲ့သူတွေကိုအရမ်းကျေးဇူးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။မကြာခင်ကမှSon Yejin နဲ့Hyun Bin တို့ဟာလက်ထပ်တော့မယ်ဆိုတဲ့သတင်းကိုကြေငြာခဲ့ပါတယ်။လာမဲ့မတ်လမှာသူတို့ရဲ့မင်္ဂလာပွဲကိုprivate ကျင်းပသွားမှာပါ။
Source:Soompi