နာမည်ကြီးအပန်းဖြေဟိုတယ်ရဲ့အပြင်ဘက်မှာမင်္ဂလာပွဲကျင်းပသွားမဲ့Hyun Bin နဲ့Son Yejin

နာမည်ကြီးအပန်းဖြေဟိုတယ်ရဲ့အပြင်ဘက်မှာမင်္ဂလာပွဲကျင်းပသွားမဲ့Hyun Bin နဲ့Son Yejin

ဒီမင်္ဂလာပွဲကိုတော့သိတဲ့လူတွေနဲ့ပဲကျင်းပသွားမှာပါ။ဖေဖေါ်ဝါရီ(၂၁)ရက်နေ့ရဲ့သတင်းအရနာမည်ကြီးcouple ဖြစ်တဲ့Hyun Bin နဲ့Son Yejin တို့ဟာသူတို့ရဲ့မင်္ဂလာပွဲကို  ‘Grand Walkerhill Aston House’ မှာကျင်းပသွားမှာပါ။

‘Grand Walkerhill Aston House’ ကတော့တောင်ကိုးရီးယားမှာနာမည်ကြီးအပန်းဖြေဟိုတယ်နဲ့အပန်းဖြေနေရာတစ်ခုအဖြစ်လူသိများပါတယ်။တစ်ခြားcelebrity couple တွေဖြစ်တဲ့Bae Yongjun-Park Soojin နဲ့Jisung-Lee Boyoung တို့လဲဒီနေရာမှာပဲမင်္ဂလာအခမ်းအနားကျင်းပခဲ့ကြပါတယ်။

အပန်းဖြေနေရာရဲ့official webpage ကိုလေ့လာကြည့်တဲ့အခါဇိမ်ခံအဆောက်အဦးဒီဇိုင်းတွေဟာ(၁၇)ရာစုကရှေးခေတ်ဗြိတိန်တော်ဝင်အဆောက်အဦးကြီးတွေရဲ့လက်ရာကိုယူထားတာပါ။သတင်းအရမင်္ဂလာပွဲကိုမိသားစုဝင်တွေနဲ့ရင်းနှီးတဲ့မိတ်ဆွေလောက်သာတက်ရောက်ပီးကျင်းပသွားမှာပါ။

Source:Kstarlive

Leave a Reply

Your email address will not be published.