‘Soundtrack #1’ Drama ရဲ့အရည်အသွေးနိမ့်တဲ့poster ကြောင့်စိတ်ပျက်နေကြတဲ့Netizen များ
များစွာသောNetizen တွေကတော့poster ကိုဒီထက်ပိုပီးကောင်းကောင်းလုပ်သင့်တယ်လို့တွေးနေကြပါတယ်။ဖေဖေါ်ဝါရီ(၂၃)ရက်နေ့မှာDisney+ ကနေPark Hyungsik နဲ့Han Sohee တို့ရဲ့အသစ်ထွက်ရှိလာမဲ့‘Soundtrack #1’ Drama အတွက်poster တွေကိုတင်ပေးခဲ့ပါတယ်။
ဒီDrama အပေါ်အများကြီးမျှော်လင့်ထားကြတဲ့Netizen တွေကတော့အသစ်ထွက်ရှိလာတဲ့poster တွေကိုစိတ်ပျက်ကြောင်းဖော်ပြနေကြပါတယ်။အများစုကတော့poster တွေဟာမထင်ရလောက်အောင်အရည်အသွေးနိမ့်တယ်လို့ပြောနေကြတာပါ။
တွေ့သလိုပဲPark Hyungsik နဲ့Han Sohee တို့ရဲ့ပုံတွေကိုဆွဲထားတဲ့ပုံပေါ်မှာဖြတ်ညှပ်ကပ်လုပ်ထားတာပါ။ဓာတ်ပုံကအဲလိုလုပ်ထားတာအရမ်းသိသာနေပီးposter ကိုလဲသဘာဝမဆန်နေစေပါဘူး။
ငွေကြေးအနည်းငယ်သာသုံးထားတဲ့Drama လဲမဟုတ်တာကြောင့်Disney+ ကoriginal series တစ်ခုအတွက်ဒီထက်ပိုပီးကောင်းကောင်းလုပ်သင့်ကြောင်းပြောနေကြပါတယ်။Comment တွေမှာ“poster ကိုကြည့်ရတာထူးဆန်းနေတယ်“”Disney ကဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာမယုံနိုင်ဘူး“”သူတို့(၂)ယောက်ကphotoshoot ကိုတူတူမရိုက်ခဲ့လို့ဒီလိုedit လုပ်ထားတာလား” ဆိုပီးရေးခဲ့ကြပါတယ်။
Source:Soompi