ရုပ်ရှင်အသစ်မှာပြောင်းလဲသွားတဲ့သူမရဲ့ပုံစံကြောင့်အားလုံးကိုအံ့ဩစေခဲ့တဲ့Kim Hye Yoon

ရုပ်ရှင်အသစ်မှာပြောင်းလဲသွားတဲ့သူမရဲ့ပုံစံကြောင့်အားလုံးကိုအံ့ဩစေခဲ့တဲ့Kim Hye Yoon

ဖေဖေါ်ဝါရီ(၂၄)ရက်နေ့က‘The Girl on the Bulldozer ‘ movie အတွက်ပုံတစ်ချို့ကိုထုတ်ပေးလာပါတယ်။ပုံတွေထဲမှာKim Hye Yoon ကသူမရဲ့ပုံစံကိုလုံးဝပြောင်းလဲထားပီးမင်းသမီးတစ်ယောက်အတွက်သိပ်ပီးမလွယ်ကူတဲ့ဇာတ်ကောင်မျိုးပါ။သူမရဲ့လက်မောင်းမှာtattoo အပြည့်ကိုတွေ့ရမှာပါ။ဒီfilm ဟာKim Hye Yoon ပထမဆုံးlead role ကနေသရုပ်ဆောင်တဲ့film ဖြစ်ပါတယ်။  

သူမသရုပ်ဆောင်ထားတဲ့  ‘Hye Young’ ဇာတ်ကောင်ဟာKorean movie တွေထဲမှာတစ်ခါမှမတွေ့ဖူးတဲ့ဇာတ်ကောင်မျိုးဖြစ်နေပါလိမ့်မယ်။ကျရာဇာတ်ကောင်ကိုအကောင်းဆုံးကြိုးစားတတ်တဲ့သူမကိုဒီလိုပြောင်းလဲလိုက်တဲ့ဇာတ်ကောင်အပေါ်လဲအကောင်းဆုံးပြနိုင်မယ်လို့မျှော်လင့်ထားနေကြပါတယ်။

Hye Young ဆိုတဲ့(၁၉)နှစ်အရွယ်ကောင်မလေးဟာရုတ်တရက်accident ကြောင့်အဖေဖြစ်သူကိုဆုံးရှုံးခဲ့ပီးမောင်လေးကိုဂရုစိုက်ဖို့တစ်ယောက်ထဲကျန်ခဲ့ပါတယ်။ဆက်တိုက်ကြုံတွေ့ရတဲ့အခက်အခဲတွေကြောင့်Hye Young ဟာမညီမျှတဲ့လောကကြီးကိုဒေါသဖြစ်လာပါတယ်။‘The Girl on the Bulldozer’ ထဲမှာPark Hyuk Kwon, Oh Man Suk နဲ့singer/ actor Yesung တို့လဲပါဝင်ထားပါတယ်။ဒီနှစ်ရဲ့ဧပြီလမှာပြသသွားမှာပါ။

Source:Soompi

Leave a Reply

Your email address will not be published.