သူ့ရဲ့သူငယ်ချင်းD.O. ကသူအကြိုက်ဆုံးအဆိုတော်ပါလို့ပြောခဲ့တဲ့Kim Woo Bin

သူ့ရဲ့သူငယ်ချင်းD.O. ကသူအကြိုက်ဆုံးအဆိုတော်ပါလို့ပြောခဲ့တဲ့Kim Woo Bin

မကြာခင်ကKim Woo Bin ဟာEsquire Korea နဲ့အတူထွက်ရှိလာမဲ့မဂ္ဂဇင်းအတွက်အင်တာဗျူးလုပ်ခဲ့ပါတယ်။အင်တာဗျူးအတွင်းအကြိုက်ဆုံးအဆိုတော်ကဘယ်သူလဲလို့မေးခဲ့ပါတယ်။တစ်ချက်မှတုံ့ဆိုင်းခြင်းမရှိပဲKim Woo Bin က“Do Kyung-soo (D.O.)” လို့ဖြေခဲ့ပါတယ်။နောက်ပီးဂုဏ်ယူစွာနဲ့ခဏခဏနားထောင်ဖြစ်နေတာD.O. ရဲ့‘Rose'” ပါလို့ဖြေခဲ့ပါတယ်။

သူကငါအဲဒီသီချင်းကိုမနေ့ကတောင်နားထောင်ခဲ့သေးတယ်။လေ့ကျင့်ခန်းစလုပ်တဲ့အချိန်နဲ့လုပ်ပီးအကြောလျှော့တဲ့အချိန်မှာဒီသီချင်းကိုရွေးပီးနားထောင်ဖြစ်တယ်ဆိုပီးပြောခဲ့ပါတယ်။နောက်ပီးချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့“Hi, Do Kyung-soo!” ဆိုပီးပြောခဲ့ပါသေးတယ်။Kim Woo Bin ဟာD.O. နဲ့သူ့ရဲ့သီချင်းတွေကိုsupport လုပ်ပေးတာပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။

Source:SBSstar

Leave a Reply

Your email address will not be published.