ကျောက်ဖရားမြစ်ထဲပြုတ်ကျပီးဒီနေ့မှာထိုင်းမင်းသမီးTangmo ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြတဲ့ကယ်ဆယ်ရေးသမားများ

ကျောက်ဖရားမြစ်ထဲပြုတ်ကျပီးဒီနေ့မှာထိုင်းမင်းသမီးTangmo ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြတဲ့ကယ်ဆယ်ရေးသမားများ

Tangmo ဟာဖေဖေါ်ဝါရီ(၂၄)ရက်နေ့ကသူငယ်ချင်း()ယောက်နဲ့အတူထိုင်းနိုင်ငံအလယ်ပိုင်း၊ပထုန်ဌာနီခရိုင်၊ကျောက်ဖရားမြစ်ထဲမှာစပိဘုတ်စီးရင်းရေထဲပြုတ်ကျခဲ့ပါတယ်။ရေထဲပြုတ်ကျချိန်ဟာညနက်နေပီဖြစ်လို့ကယ်ဆယ်ရေးသမားတွေလဲရှာဖွေဖို့ခက်ခဲခဲ့ပါတယ်။၂၄ရက်နေ့ညသန်းခေါင်ကတည်းကအသည်းအသန်ရှာဖွေခဲ့တဲ့Tangmo ရဲ့ရုပ်အလောင်းကို(၂၆)ရက်နေ့မွန်းလွဲ()နာရီလောက်မှာရှာတွေ့ခဲ့ကြပါတယ်။

ထူးဆန်းတာကလှေပေါ်မှာလူ()ယောက်ရှိနေပီးTangmo တစ်ယောက်ပဲရေထဲပြုတ်ကျသွားတာပါ။ဒါ့အပြင်မြစ်အနီးနားမှာနေထိုင်တဲ့သူတွေကTangmo ရဲ့အကူအညီတောင်းသံကိုတောင်ကြားနေရပေမဲ့လှေပေါ်ကလူတွေကတော့ငြိမ်နေခဲ့ပါတယ်။Tangmo ရဲ့အသံပျောက်သွားမှပဲလိုက်ရှာကြပီးကယ်ဆယ်ရေးတွေရောက်လာမှပဲဆက်ပီးရှာခဲ့ပါတယ်။

​Tangmo ဟာရေကူးကျွမ်းကျင်သူဖြစ်ပေမဲ့ဒီမြစ်ရဲ့ရေစီးလှိုင်းနဲ့တော့ဘယ်လိုမှမကူးနိုင်ဘူးလို့Tangmo ရဲ့အမေကပြောခဲ့ပါတယ်။ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးနဲ့မကြုံရပဲအေးချမ်းတဲ့နေရာမှာအနားယူပါကောင်မလေးရေ။

Source:Ig,Fb

Leave a Reply

Your email address will not be published.