Kim Tae-hee နဲ့Lee Hyo-ri တို့ထဲကတစ်ယောက်ကိုရွေးပေးခဲ့တဲ့RAIN

Kim Tae-hee နဲ့Lee Hyo-ri တို့ထဲကတစ်ယောက်ကိုရွေးပေးခဲ့တဲ့RAIN

မကြာခင်ကRAIN ဟာသူ့ရဲ့Drama ဖြစ်တဲ့  ‘Ghost Doctor’ ပြသပီးနောက်အင်တာဗျူးလုပ်ခဲ့ပါတယ်။ဒီDrama ထဲကသူ့ရဲ့ဇာတ်ကောင်ဟာ‘Cha Young-min’ ဖြစ်ပီး  ‘Ko Seung-tak’ ဆိုတဲ့ဇာတ်ကောင်ရဲ့body ကိုလဲလှယ်ထားတဲ့ဇာတ်လမ်းမျိုးပါ။တစ်စုံတစ်ယောက်ရဲ့body ကိုငှားရမယ်ဆိုရင်ဘယ်လိုမျိုးကိုလိုချင်လဲလို့မေးခဲ့ပါတယ်။

 

Rain ကငါကယောကျာ်းတစ်ယောက်ဖြစ်နေကတည်းကမိန်းမတစ်ယောက်အနေနဲ့မတူညီတဲ့ဘဝကိုနေဖူးချင်ခဲ့တယ်။ကျောင်း၊ကောလိပ်နဲ့အလုပ်ကိုလဲမိန်းမတစ်ယောက်အနေနဲ့သွားချင်ခဲ့ရုံပါပဲ။သူမခံစားရတဲ့ပျော်ရွှင်မှုမျိုးကိုခံစားဖူးချင်တယ်လို့ပြောခဲ့ပါတယ်။Kim Tae-hee နဲ့Lee Hyo-ri ထဲကဘယ်သူ့ပုံစံမျိုးဖြစ်ချင်လဲလို့မေးတဲ့အခါRain ကရယ်ပီးယုံကြည်မှုအပြည့်နဲ့Lee Hyo-ri ကိုရွေးချင်ပါတယ်လို့ဖြေခဲ့ပါတယ်။

သူကဆက်ပီးဒါပေမဲ့ပြောချင်တာကသူတို့()ယောက်လုံးဟာတကယ်ကိုတော်ကြတဲ့အမျိုးသမီးတွေပါ။၂ယောက်လုံးကလဲထင်ရှားကျော်ကြားပီးကောင်းမွန်တဲ့ဘဝနဲ့နေထိုင်ကြတယ်။တစ်ယောက်ကထိပ်တန်းမင်းသမီး၊တစ်ယောက်ကထိပ်တန်းအဆိုတော်ဖြစ်တယ်။ဖြစ်နိုင်မယ်ဆိုရင်၂ယောက်လုံးရဲ့ပုံစံမျိုးနဲ့နေဖူးချင်ပါတယ်လို့ဖြေခဲ့ပါတယ်။

Kim Tae-hee က‘Ghost Doctor’ ထဲကသူ့ရဲ့သရုပ်ဆောင်အပိုင်းနဲ့ပတ်သက်ပီးတုံ့ပြန်မှုကိုလဲမေးခဲ့ပါတယ်။Rain ကငါကTae-hee ကိုအရမ်းလေးစားတဲ့အတွက်သူမပြောတဲ့စကားလုံးတိုင်းကိုနားထောင်တယ်။သူမကအများကြီးsupport ပေးပီးအကြံဉာဏ်တွေလဲအများကြီးပေးခဲ့ပါတယ်။သူမဘာပြောပြောနားထောင်ပီးလေ့ကျင့်အခါပြောတဲ့အတိုင်းဖြစ်နိုင်အောင်ကြိုးစားခဲ့တယ်။အိမ်မှာအလုပ်အကြောင်းအများကြီးမပြောကြပါဘူး။ဒါပေမဲ့တစ်ယောက်ရဲ့project မှာတစ်ယောက်ကစောင့်ကြည့်ပေးနေတယ်ဆိုတာကတော့အသေအချာပါပဲလို့ပြောခဲ့ပါတယ်။

Source:SBSstar

Leave a Reply

Your email address will not be published.