Yeon Jung Hoon နဲ့အိမ်ထောင်သည်ဘဝဟာသူမကိုမျက်ရည်ကျစေလောက်အောင်ပျော်ရွှင်စေတယ်လို့ပြောခဲ့တဲ့Han Ga

Yeon Jung Hoon နဲ့အိမ်ထောင်သည်ဘဝဟာသူမကိုမျက်ရည်ကျစေလောက်အောင်ပျော်ရွှင်စေတယ်လို့ပြောခဲ့တဲ့Han Ga

ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တုန်းကSBS’ television show ဖြစ်တဲ့‘Circle House’ ကနေHan Ga ဟာYeon Jung Hoon နဲ့အိမ်ထောင်ရေးအကြောင်းကိုပြောခဲ့ပါတယ်။Han Ga ကငယ်ငယ်တုန်းကအရမ်းကြီးမပျော်ခဲ့ဘူး။ကျွန်မမှာအဖေနဲ့အမှတ်တရကောင်းတွေမရှိခဲ့ဘူး။အဖေ့ဆီကဘာမှမျှော်လင့်ချက်မထားတဲ့အတွက်သူ့ကိုမမုန်းပါဘူး။ကျွန်မကအဖေအတွက်စိတ်ဝင်စားဖို့မကောင်းတဲ့သူနဲ့ပိုတူပါတယ်။လို့ပြောခဲ့ပါတယ်။ 

သူမကဆက်ပီးလက်မထပ်ခင်တုန်းယောကျာ်းရဲ့အိမ်ကိုအလည်သွားတဲ့အခါမှာအရမ်းနွေးထွေးတာကိုခံစားခဲ့ရတယ်။အဲဒီမိသားစုမျိုးကကျွန်မအမြဲတမ်းအိပ်မက်ခဲ့တဲ့မိသားစုမျိုးပါ။သူတို့ကချက်ပြုတ်ကြပီးစားပွဲပေါ်မှာသူတို့ရဲ့တနေ့တာအကြောင်းကိုပြောကြတယ်။ကျွန်မTV ထဲမှာပဲမြင်ဖူးတဲ့ပျော်ဖို့ကောင်းတဲ့မိသားစုလိုမျိုးပါ။ဒါကြောင့်လဲအသက်အရွယ်အားဖြင့်စောသေးတဲ့(၂၅)နှစ်မှာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါလို့ပြောခဲ့ပါတယ်။

သူမကယောကျာ်းကကလေးတွေကိုဂရုစိုက်နေတာမြင်ရင်အရမ်းအေးချမ်းတယ်လို့ခံစားရတယ်။နှလုံးသားထဲကနေနွေးထွေးနေတာကိုခံစားရတယ်။ကလေးတွေနဲ့တူတူဆော့နေတာမြင်ရင်တစ်ခါတစ်လေမျက်ရည်တောင်ကျမိတယ်။ယောကျာ်းကကျွန်မအမြဲတမ်းလိုချင်ခဲ့တဲ့အဖေပုံစံမျိုးပါ။လို့ပြောခဲ့ပါတယ်။Han Ga In နဲ့Yeon Jung Hoon တို့ဟာ၂၀၀၅၊မေလမှာလက်ထပ်ခဲ့ကြပီးကလေး()ယောက်ရှိပါတယ်။

Source:SBSstar

Leave a Reply

Your email address will not be published.