မကြာခင်ကconcert မှာလက်ထပ်တော့မယ်လို့အသိပေးခဲ့တဲ့Kim Hyunjoong

မကြာခင်ကconcert မှာလက်ထပ်တော့မယ်လို့အသိပေးခဲ့တဲ့Kim Hyunjoong

ဖေဖေါ်ဝါရီ(၂၇)ရက်နေ့က  ‘Things I Want to Say’ ဆိုတဲ့solo concert မှာလက်ထပ်တော့မှာဖြစ်ကြောင်းKim Hyunjoong ကအတည်ပြုခဲ့ပါတယ်။သူကဒါကိုဘယ်လိုပြောပြရမလဲတကယ်ကိုမသိပါဘူး။ဒါပေမဲ့အခက်ခဲဆုံးအချိန်တွေတိုင်းအနားမှာရပ်တည်ပေးခဲ့တဲ့လူတစ်ယောက်နဲ့အနာဂတ်ကိုဖြတ်သန်းဖို့ဆုံးဖြတ်လိုက်ပါပီလို့ပြောခဲ့ပါတယ်။

Kim Hyunjoong ကအခုချိန်ထိနေလာခဲ့တဲ့အချိန်တွေကိုပြန်ကြည့်မယ်ဆိုရင်အများကြီးစိတ်ဝင်စားမှုနဲ့အချစ်တွေရရှိခဲ့တယ်။မှောင်မိုက်တဲ့အချိန်တွေတိုင်းရပ်တည်ပေးခဲ့တဲ့Fan တွေကိုကျေးဇူးအများကြီးတင်ပါတယ်။အချစ်တွေပေးပီးယုံကြည်မှု၊အားပေးမှုတွေအမြဲတမ်းပေးခဲ့တဲ့Fan တွေကြောင့်အားအင်တွေပြန်ရခဲ့ပီးဘဝမှာနောက်တစ်ကြိမ်ပြန်ပီးစတင်နိုင်ခဲ့တာပါ။တကယ်လို့စာနဲ့ပဲအသိပေးခဲ့မယ်ဆိုရင်ဘဝတစ်လျှောက်လုံးနောင်တရနေလိမ့်မယ်လို့ခံစားရတာကြောင့်ဒီအခွင့်အရေးကိုယူပီးconcert မှာဒီသတင်းကိုပြောချင်ခဲ့တာပါလို့ပြောခဲ့ပါတယ်။

Kim Hyunjoong ရဲ့agency ကလဲဒီသတင်းကိုအတည်ပြုထားပီးဖြစ်တာမို့ဒီcouple ရဲ့ပထမဆုံးခြေလှမ်းကိုနွေးထွေးစွာကြိုဆိုပေးကြဖို့လဲပြောထားပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.