BTS’V ကသူ့အတွက်ဘယ်လိုသူငယ်ချင်းကောင်းမျိုးလဲဆိုတာကိုပြောပြခဲ့တဲ့Park Hyungsik

BTS’V ကသူ့အတွက်ဘယ်လိုသူငယ်ချင်းကောင်းမျိုးလဲဆိုတာကိုပြောပြခဲ့တဲ့Park Hyungsik

Singer-actor တစ်ယောက်ဖြစ်တဲ့Park Hyungsik ဟာမကြာခင်ကဂျပန်မဂ္ဂဇင်းဖြစ်တဲ့Mokkan Henshu အတွက်photoshoot နဲ့အင်တာဗျူးလုပ်ခဲ့ပါတယ်။အင်တာဗျူးနေစဉ်အတွင်းPark Hyungsik ကိုအရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့V အကြောင်းမေးခဲ့ပါတယ်။သူငယ်ချင်းကတစ်ကမ္ဘာလုံးကအချစ်တွေလက်ခံရရှိနေတဲ့အပေါ်သူ့ရဲ့ခံစားချက်ကိုမေးတဲ့အခါHyungsik ကငါအခုထိမယုံနိုင်သေးပါဘူး။သူတို့ကနာမည်ကြီးAmerican award shows မှာဆုတွေရရှိခဲ့ပီးနိုင်ငံခြားသားပရိတ်သတ်တွေကကိုးရီးယားလိုသီချင်းဆိုနေကြတာကိုတွေ့ရတာshock ရစေခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။

 

သူကငါ့အတွက်တော့Taehyung ကချစ်ဖို့ကောင်းတဲ့ညီလေးတစ်ယောက်အဖြစ်ရှိနေဆဲပါ။ဘယ်အချိန်တွေ့တွေ့ဟာသတွေလုပ်ပီးရယ်မောကြတယ်။ငါတို့ပထမဆုံးတွေ့တဲ့အချိန်ကစပီးခုချိန်ထိသူကပြောင်းလဲမသွားပါဘူး။Taehyung ကအလုပ်လုပ်နေချိန်ဆိုprofessional တစ်ယောက်ဖြစ်ပီးReal life မှာတော့သာမန်ကောင်လေးတစ်ယောက်ပါလို့ဖြေပေးခဲ့ပါတယ်။

Park Hyungsik နဲ့V တို့ဟာ2017 ရဲ့KBS drama  ‘Hwarang: The Poet Warrior Youth’ မှာအလုပ်တူတူလုပ်ရင်းရင်းနှီးခဲ့ကြတာပါ။Park Hyungsik နဲ့V တို့ဟာ‘Wooga Squad’ ရဲ့အဖွဲ့ဝင်တွေဖြစ်ပီးဒီgroup ထဲမှာPark Seojoon, Choi Wooshik နဲ့Peakboy တို့လဲပါဝင်ပါတယ်။

Source:Soompi

Leave a Reply

Your email address will not be published.