Fan အများစုကReal-life မှာပါချစ်သူတွေဖြစ်လာကြဖို့မျှော်လင့်နေကြတဲ့ထိုင်းအနုပညာရှင်များ
ဒီထိုင်းအနုပညာရှင်တွေကိုတော့ပြည်တွင်းရောinter fan တွေကပါreal-life မှာအတွဲတွေဖြစ်လာဖို့မျှော်လင့်နေကြပါတယ်။
Great Warintorn and Jackie Jacqueline
Jackie Jacqueline ကGreat Warintorn ဟာသူမအတွက်လေးစားအားကျရသူဖြစ်ကြောင်းပြောဖူးပါတယ်။နောက်ပီးသူမရဲ့ideal type လဲဖြစ်ကြောင်းပြောခဲ့ပါတယ်။
August Vachiravit and Namfah Thunyaphat
“Mae Krua Kon Mai” Drama မှာပထမဆုံးအကြိမ်couple အဖြစ်သရုပ်ဆောင်ပီးနောက်August Vachiravit နဲ့Namfah Thunyaphat တို့ဟာFan အများစုရဲ့စိတ်ကူးထဲကချစ်သူစုံတွဲဖြစ်လာကြပါတယ်။Real-life မှာပါdate လုပ်ဖို့မျှော်လင့်နေကြပါတယ်။August ကတော့သူတို့ဟာအကိုနဲ့ညီမလေးလိုဆက်ဆံရေးသာရှိပီးဘာမှတိုးတက်မှုမရှိသေးပါဘူးလို့ပြောထားပါတယ်။
Nine Naphat and Baifern Pimchanok
Nine Naphat နဲ့Baifern Pimchanok တို့ဟာအတူတူရှိနေချိန်ဆိုအရမ်းပွင့်လင်းကြပီးချစ်ဖို့ကောင်းပါတယ်။ဒါပေမဲ့Baifern ကတော့သူတို့ဟာသူငယ်ချင်းတွေသာဖြစ်ကြောင်းပြောထားပါတယ်။
Pon Nawash and Bua Nalinthip
“Tra Barb See Chompoo” နဲ့“Praomook” Drama မှာသရုပ်ဆောင်ပီးနောက်Pon Nawasch နဲ့Bua Nalinthip တို့ဟာအံ့ဩစရာကောင်းလောက်တဲ့chemistry ရှိကြောင်းfan တွေသတိထားမိခဲ့ကြပါတယ်။သူတို့မှာကြီးမားတဲ့ship fandom ရှိပါတယ်။ဒါပေမဲ့(၂)ယောက်လုံးကတော့လုပ်ဖော်ကိုင်ဖက်ကောင်းတွေလို့ပဲဖြေထားကြပါတယ်။
Source:Thai Update