Global Cyber University ကနေဘွဲ့ရသွားပီဖြစ်တဲ့BTS’s Jungkook

Global Cyber University ကနေဘွဲ့ရသွားပီဖြစ်တဲ့BTS’s Jungkook

မတ်လ()ရက်နေ့ကJungkook ဟာGlobal Cyber University ကနေဘွဲ့ရရှိခဲ့ပီးဒီဘွဲ့အတွက်အမြင့်ဆုံးဆုဖြစ်တဲ့‘President’s Award’ ကိုလဲချီးမြှင့်ခံခဲ့ရကြောင်းပြောပြခဲ့ပါတယ်။Jungkook ကဘွဲ့ပေးတဲ့အခမ်းအနားကိုမတက်ရောက်နိုင်ခဲ့ပေမဲ့video ကနေတစ်ဆင့်ဒီဆုကိုလက်ခံရရှိတဲ့အကြောင်းပြောခဲ့ပါတယ်။

 

သူကလူတွေကဘွဲ့ရတာဟာအဆုံးသတ်ခြင်းနဲ့စတင်ခြင်းပဲလို့ပြောကြတယ်။ဒါကြောင့်တစ်ချိန်ထဲမှာစိတ်လှုပ်ရှားတာရော၊ဝမ်းနည်းမှုတွေရောဖြစ်စေတယ်။သင်ယူမှုတွေဟာအမြဲပျော်ဖို့ကောင်းပီးစိတ်လှုပ်ရှားအံ့ဩမှုတွေပေးနိုင်တဲ့အရာလို့ခံစားရပါတယ်။ငါတို့အားလုံးဒီအမှတ်တရတွေမမေ့ဖို့မျှော်လင့်ပါတယ်။ဒါပေမဲ့ရှေ့ဆက်ပီးတစ်ယောက်ချင်းစီရဲ့ပန်းတိုင်ရောက်အောင်ဆက်သွားနေရပါမယ်လို့ပြောခဲ့ပါတယ်။

Jungkook ဟာGlobal Cyber Univeristy ကနေBroadcasting and Entertainment နဲ့ဘွဲ့ရခဲ့တာပါ။ခုဆိုရင်Twitter မှာကောင်လေးရဲ့ဘွဲ့အတွက်ဂုဏ်ပြုတဲ့message တွေဟာတစ်ကမ္ဘာတစ်ဝှမ်းမှာTrend ဖြစ်လို့နေပါတယ်။ဘယ်အရာဖြစ်ဖြစ်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့Jungkook အတွက်ဂုဏ်ပြုပေးလိုက်ပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.