အင်တာဗျူးမှာReal life ကအချစ်အကြောင်းပြောပြခဲ့တဲ့Yoon Chanyoung
Yoon Chanyoung ကမကြာခင်က ‘THE STAR’ magazine နဲ့အတူအင်တာဗျူးလုပ်ခဲ့ပါတယ်။အင်တာဗျူးမှာ2001 မှာမွေးဖွားခဲ့တဲ့ ‘All of Us are Dead’ ရဲ့star ကအချစ်အကြောင်းပြောခဲ့ပါတယ်။Yoon Chanyoung က“လူတွေကအချစ်အတွက်အသက်ရှင်နေကြတယ်လို့ထင်ပါတယ်။သူငယ်ချင်းတွေနဲ့မိသားစုလိုမျိုးပေါ့။တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးပီးကျေးဇူးတင်ပေးကြတာဟာအချစ်တွေပါပဲ။အချစ်ရဲ့စွမ်းအားကတကယ်ကိုကြီးမားတယ်။အနာဂတ်မှာအချစ်ရဲ့နွေးထွေးမှုနဲ့လှပမှုအကြောင်းပုံဖော်ထားတဲ့project မှာပါဝင်ချင်ပါတယ်” လို့ပြောခဲ့ပါတယ်။
သူကသူ့ရဲ့ပင်ကိုယ်စရိုက်အကြောင်းကိုလဲပြောခဲ့ပါသေးတယ်။သူက“ငါကမကြာခဏတည်ငြိမ်သလိုဟန်ဆောင်နေတတ်တယ်။ဒါပေမဲ့သူငယ်ချင်းတွေနဲ့ဆိုအရမ်းတက်ကြွပီးအရမ်းဆော့တဲ့သူမျိုးပါ။ငါကအမြဲတမ်းတစ်ခြားသူတွေကိုတောက်ပပီးကောင်းမွန်တဲ့နှလုံးသားတဲ့သူအဖြစ်ပြချင်ခဲ့တာပါ” လို့ပြောခဲ့ပါတယ်။
Source:Kstarlive