သူမအမေရဲ့အကြွေးတွေဆပ်ဖို့Bar မှာတစ်နေ့(၁၂)နာရီအလုပ်လုပ်ခဲ့ရတဲ့Han Sohee
Han Sohee ကBar မှာညနေ(၆)နာရီကနေမနက်(၆)နာရီထိအလုပ်လုပ်ခဲ့ရပါတယ်။မတ်လ(၇)ရက်နေ့ကသတင်းထောက်၊Youtuber Lee Jinho ဟာလက်ရှိHan Sohee အမေအကြွေးတွေနဲ့တရားရင်ဆိုင်နေရတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။နောက်ထပ်video တစ်ခုမှာတော့Han Sohee ဟာအသက်(၅)နှစ်ဝန်းကျင်မှာပဲအဖွားနဲ့ကြီးပြင်းလာပီးသူမအမေကသူမကိုဂရုမစိုက်ခဲ့ကြောင်းပြောပြထားပါတယ်။
Lee Jinho ကHan Sohee ဟာပွဲဦးထွက်ခါစကတကယ်တော့သူမအမေရဲ့အကြွေးတွေဆပ်ဖို့Bar မှာအလုပ်လုပ်နေခဲ့တာလို့ပြောခဲ့ပါတယ်။Lee Jinho က“သူမBar မှာညနေ(၆)နာရီကနေမနက်(၆)နာရီထိ၊တပတ်(၆)ရက်အလုပ်လုပ်ပါတယ်။ဒီပိုက်ဆံတွေကိုစုဆောင်းရခြင်းကသူမအမေရဲ့အကြွေးတွေဆပ်ဖို့ပါ” လို့ပြောခဲ့ပီးအဲဒီတုန်းကအကြွေးကKRW 20 million (ခန့်မှန်းခြေUSD 16,200) ရှိပါတယ်။
Han Sohee ဟာအဖွားနဲ့ကြီးပြင်းခဲ့သူဆိုတာအမှန်ပါပဲ။သူမကိုယ်တိုင်social media မှာအဖွားဟာသူမရဲ့အရာရာပါလို့အဖွားကိုဘယ်လောက်ချစ်ကြောင်းဖော်ပြခဲ့ဖူးပါတယ်။
Source:Kstarlive