တောမီးလောင်ပီးဒုက္ခရောက်နေတဲ့သူတွေကိုလှူဒါန်းခဲ့ကြတဲ့Kim Hee Sun နဲ့Suga
မတ်လ(၄)ရက်နေ့ကကိုးရီးယားရဲ့အရှေ့ဘက်ပင်လယ်ကမ်းခြေUljin မြို့အနီးမှာကြီးမားတဲ့တောမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။တောမီးဟာအနီးအနားကမြို့တွေကိုပါပျံ့နှံ့သွားပီးပင်လမ်းကမ်းခြေမြို့တွေဖြစ်တဲ့Donghae နဲ့Gangneung မြို့တွေအထိဆက်ပီးပျံ့သွားခဲ့ပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့Shin Min Ah, Park Min Young, Lee Jong Suk, Yoo Jae Suk, Kim Hye Soo, IU, Kim Go Eun, Lee Byung Hun, Girl’s Day’s Hyeri နဲ့Song Kang Ho တို့ဟာဒီအတွက်လှူဒါန်းခဲ့ကြပါတယ်။
မတ်လ(၉)ရက်နေ့မှာHope Bridge Association of the National Disaster Relief ကနေSuga ဟာ100 million won(ခန့်မှန်းခြေ $81,000) လှူဒါန်းခဲ့တယ်လို့မျှဝေခဲ့ပါတယ်။ဒါဟာသူ့ရဲ့မွေးနေ့ဖြစ်တဲ့မတ်လ(၉)ရက်နေ့မှာလှူဒါန်းမှုလုပ်ခဲ့တာပါ။သူကနွေးထွေးတဲ့နှလုံးသားနဲ့“ငါ့ရဲ့လှူဒါန်းမှုကမီးဘေးကြောင့်ဒုက္ခရောက်နေတဲါသူတွေအတွက်အသုံးဝင်ဖို့မျှော်လင့်ပါတယ်” လိူ့ပြောခဲ့ပါသေးတယ်။
ဒါဟာသူ့ရဲ့မွေးနေ့မှာကောင်းျသာအရာတွေလုပ်ခဲ့တာSuga အတွက်ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။မနှစ်ကလဲကင်ဆာလူနာတွေကိုကုသဖို့100 million won လှူဒါန်းခဲ့ပါတယ်။Republic of Korea National Red Cross ကနေတစ်ဆင့်Kim Hee Sun ကလဲ100 million won လှူဒါန်းခဲ့ပါတယ်။အဖွဲ့အစည်းကနေတစ်ဆင့်သူမပြောခဲ့တာက“မမျှော်လင့်ထားတဲ့တောမီးဘေးကြောင့်အိမ်တွေဆုံးရှုံးသွားတဲ့သူတွေအတွက်ဒီလှူဒါန်းမှုကိုလုပ်ခဲ့တာပါ။နောက်ပီးသစ်တောအသေးလေးတွေပြန်လည်စိုက်ပျိုးနိုင်ဖို့ရည်ရွယ်ပါတယ်။မီးဘေးဒုက္ခရောက်သူတွေလဲအမြန်ဆုံးပုံမှန်နေ့စဉ်ဘဝကိုပြန်နေရဖို့နဲ့ပျက်စီးသွားတဲ့တောတောင်တွေလဲအမြန်ဆုံးပြန်လည်စိမ်းလန်းလာဖို့မျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။
Source:Soompi