သူတို့သာidol မဖြစ်ခဲ့ရင်ဘယ်လိုအလုပ်တွေလုပ်နေမလဲဆိုတာပြောပြခဲ့တဲ့idol (၆)ယောက်

သူတို့သာidol မဖြစ်ခဲ့ရင်ဘယ်လိုအလုပ်တွေလုပ်နေမလဲဆိုတာပြောပြခဲ့တဲ့idol ()ယောက်

သင်အကြိုက်ဆုံးidol တွေသာStage ပေါ်မှာမဖျော်ဖြေပဲတစ်ခြားဘယ်လိုအလုပ်တွေလုပ်နိုင်လဲဆိုတာတွေးကြည့်ဖို့ခက်ခဲပါတယ်။ဒါပေမဲ့အများစုကတော့idol life မဟုတ်တဲ့တစ်ခြားအိပ်မက်တွေရှိခဲ့ကြသူတွေပါ။Idol ဖြစ်ဖို့ဆုံးဖြတ်ချက်မချခဲ့ဘူးဆိုရင်သူတို့တွေဒီအချိန်မှာဘာလုပ်နေမလဲဆိုတဲ့မေးခွန်းကFan တွေကြားမှာနာမည်ကျော်တဲ့မေးခွန်းတစ်ခုပါ။ကံကောင်းစွာနဲ့ပဲidol တစ်ချို့ကဒီမေးခွန်းကိုဖြေပေးခဲ့ပါတယ်။

Stray Kids’ Felix — Songwriter  

ဒီidol ကတော့idol မဟုတ်ခဲ့ရင်တောင်music industry မှာကျန်နေဦးမှာပါ။သူ့ရဲ့အရည်အချင်းတွေနဲ့ဒီလိုလုပ်ချင်တဲ့အိပ်မက်ရှိတာကတော့အံ့ဩစရာမဟုတ်ပါဘူး။

TWICE’s Jungyeon — Baker  

TWICE အဖွဲ့မှာdebut မလုပ်ခင်တုန်းကJungyeon ဟာbaker အဖြစ်အလုပ်လုပ်ခဲ့ပီးသူမရဲ့အဆိုတော်လုပ်ချင်တဲ့အိပ်မက်ကိုတောင်စွန့်လွှတ်ဖို့စဉ်းစားခဲ့ဖူးပါတယ်။

BTS’ V — Farmer or photographer  

   

အရင်တုန်းကV ဟာသူ့မိသားစုရဲ့ခြေရာလိုက်ပီးလယ်သမားတစ်ယောက်ဖြစ်လာမယ်လို့ပဲတွေးနေခဲ့သူပါ။ဒါပေမဲ့နှစ်အတော်ကြာဓာတ်ပုံပညာကိုစိတ်ဝင်စားခဲ့ပီးidol တစ်ယောက်မဖြစ်ခဲ့ရင်သူဟာphotographer တစ်ယောက်ဖြစ်နေမှာပါ။

GFRIEND’s SinB — Female soldier

သူမငယ်ငယ်တုန်းကအမျိုးသမီးစစ်သားတွေဟာအရမ်းမိုက်တယ်လို့တွေးခဲ့ပီးသူမရဲ့ငယ်ဘဝအိပ်မက်ကလဲအမျိုးသမီးစစ်သားဖြစ်လာဖို့ပါပဲလို့ပြောခဲ့ပါတယ်။

GOT7’s Bambam — Youtuber  

Bambam ကတော့Youtuber တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။Fan တွေကသူ့ရဲ့ဟာသဉာဏ်နဲ့ကောင်းမွန်တဲ့လူမှုဆက်ဆံရေးကြောင့်ဒီအလုပ်ဟာသူ့အတွက်အံဝင်ခွင်ကျရှိတယ်လို့တွေးခဲ့ကြပါတယ်။အနာဂတ်မှာလဲidol အလုပ်နဲ့အလုပ်ဒီအိပ်မက်ကိုလဲအကောင်အထည်ဖော်နိုင်ဖို့မျှော်လင့်နေကြပါတယ်။

EXO’s D.O — Farmer  

EXO’s D.O ရဲ့အိပ်မက်ကတော့လယ်သမားတစ်ယောက်ဖြစ်လာဖို့ပါပဲ။Xiumin ကD.O ရဲ့အိပ်မက်ဟာအခုထိတိုင်အောင်လယ်သမားပါပဲလို့တစ်ခါပြောဖူးပါတယ်။သဘာဝနဲ့သူဟာအရမ်းကိုလိုက်ဖက်နေမှာပါ။အနာဂတ်မှာD.O ကိုသူ့ရဲ့စိုက်ပျိုးခင်းထဲမှာတွေ့ရဖို့လဲဖြစ်နိုင်ပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.