Fan တွေအကြိုက်ဆုံးBella Ranee သရုပ်ဆောင်ထားတဲ့Drama(၅)ခု
Bella Ranee ကိုတော့ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်လူသိများကြပါတယ်။သူပါဝင်သရုပ်ဆောင်တဲ့Drama တွေဟာRating အမြင့်တွေရခဲ့ပီးနာမည်ကျော်ကြားလာပါတယ်။ခုဆိုပြည်တွင်းရောပြည်ပမှာပါFan တွေအများကြီးရှိနေပါပီ။အခုဖော်ပြပေးမှာကတော့local နဲ့international fan တွေအကြိုက်ဆုံးBella Ranee ရဲ့Drama(၅)ခုပဲဖြစ်ပါတယ်။
“Buppesunnivas” drama မှာတော့Bella ဟာcharacter(၂)မျိုးသရုပ်ဆောင်ခဲ့ပီးသူမရဲ့သရုပ်ဆောင်အရည်အချင်းကိုအထင်းသားမြင်ရမဲ့Drama ဖြစ်ခဲ့ပါတယ်။ဒီDrama ဟာထိုင်းနဲ့တစ်ခြားနိုင်ငံတွေမှယပါနာမည်ကျော်ကြားခဲ့ပီးအံ့ဩစရာကောင်းလောက်အောင်မှတ်ချက်ကောင်းတွေရခဲ့ပါတယ်။ဒီDrama ကိုBella ရဲ့အကောင်းဆုံးDrama အဖြစ်သတ်မှတ်ထားကြပါတယ်။
ဒီlist ထဲမှာ“Krong Karm” drama ထဲကBella ရဲ့သရုပ်ဆောင်ချက်တွေကလဲအသိအမှတ်ပြုထိုက်တဲ့သရုပ်ဆောင်မှုဖြစ်ခဲ့ပါတယ်။ဒီDrama ဟာ2019 ရဲ့အကျော်ကြားဆုံးDrama တွေထဲကတစ်ခုလဲဖြစ်ပါတယ်။
Bella Ranee နဲ့မင်းသားအသစ်စက်စက်လေးKongthap Peak တို့သရုပ်ဆောင်ထားတဲ့“Dare to Love: Hai Ruk Pipaksa” drama ဟာCh3 မှာပြသနေဆဲဖြစ်ပီးထိုင်းနိုင်ငံရဲ့ကြည့်ရှုသူတွေဆီကကောင်းမွန်တဲ့feedback တွေရနေပါတယ်။နောက်ပီးထိုင်းနိုင်ငံရဲ့Netflix မှာလဲTop1 နေရာမှာရပ်တည်နေပါတယ်။
“Padiwarada” drama ကတော့2016 တုန်းကJames Jirayu နဲ့Bella Ranee တို့သရုပ်ဆောင်ခဲ့တဲ့Drama ဖြစ်ပါတယ်။သူတို့(၂)ယောက်ရဲ့နွေးထွေးပီးထိမိလွန်းတဲ့ဆက်နွယ်မှုတွေကြောင့်ဒီdrama ကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ခဲ့ကြပါတယ်။နောက်ပီးဇာတ်လမ်းဇာတ်အိမ်ကလဲအရမ်းကိုကောင်းပါတယ်။
“Khun Chai Puttipat” drama ဟာBella Ranee နဲ့James Jirayu တို့ပထမဆုံးCouple အဖြစ်သရုပ်ဆောင်ခဲ့တဲ့Drama ဖြစ်ပါတယ်။ဒီDrama ကိုပြသနေတဲ့အချိန်မှာပဲသူမဟာတစ်ဟုန်ထိုးစတင်ကျော်ကြားလာခဲ့ပါတယ်။
Source:Thai Update