Hanyang University ကိုရွေးချယ်ခဲ့တာYoon Chan Young ကြောင့်ပါလို့ပြောခဲ့တဲ့Park Ji Hu
JTBC ရဲ့“Knowing Bros” နောက်ဆုံးအပိုင်းမှာPark Ji Hu ဟာ“All of Us Are Dead” member တွေနဲ့အတူဧည့်သည်အဖြစ်သွားရောက်ခဲ့ပါတယ်။လွန်ခဲ့တဲ့လတုန်းကအထက်တန်းပီးဆုံးသွားပီဖြစ်တဲ့Park Ji Hu ဟာYoon Chan Young တက်ရောက်နေတဲ့Hanyang University ကိုတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
သူမရဲ့co-star လိုပဲtheatre and film major ကိုတက်ရောက်မှာပါ။Show အတွင်းမှာPark Ji Hu နဲ့Yoon Chan Young တို့ဟာလက်ရှိမှာcollege တူတူတက်နေတာမို့အာရုံစိုက်မှုရရှိနေတယ်လို့စတင်ခဲ့ပါတယ်။Yoon Chan Young ကသူဟာ2020 မှာစတင်တက်ရောက်ခဲ့ပီးလက်ရှိမှာဒုတိယနှစ်ကိုတက်ရောက်နေကြောင်းပြောခဲ့ပါတယ်။
Ji hu က“Chan Young ကအမြဲတမ်းသူ့မေဂျာရဲ့jacket ကိုရိုက်ကူးရေးတွေမှာဝတ်ဆင်ထားလေ့ရှိတယ်။ပထမတော့ဘာလို့ဒီjacketကိုအမြဲဝတ်ထားတာလဲ။ဒါမှမဟုတ်မေဂျာကိုပြချင်တာလား“ဆိုပီးတွေးမိပါတယ်။ဒါပေမဲ့မြင်ပါများလာတော့ဒီjacket ကအရမ်းလှပီးChan Young ကလဲHanyang University ဟာဘယ်လောက်စိတ်ဝင်စားဖို့ကောင်းကြောင်းပြောပြခဲ့ပါတယ်ဆိုပီးမျှဝေခဲ့ပါတယ်။“ဒါကြောင့်college ရွေးချယ်တဲ့အခါHanyang University ကိုရွေးချယ်ခဲ့ပီးChan Young ကလဲအရမ်းကိုပျော်နေပါတယ်” ဆိုပီးသူမကဆက်ပြောခဲ့ပါတယ်။
Source:Soompi