Park Jihu နဲ့kiss scene ဟာဘဝမှာပထမဆုံးအနမ်းပါလို့ပြောခဲ့တဲ့Yoon Chanyoung

Park Jihu နဲ့kiss scene ဟာဘဝမှာပထမဆုံးအနမ်းပါလို့ပြောခဲ့တဲ့Yoon Chanyoung

မတ်လ(၁၂)ရဲ့  ‘Ask Us Anything’ အပိုင်းမှာ‘All of Us are Dead’ member တွေဖြစ်တဲ့Yoon Chanyoung နဲ့Park Jihu အပြင်တစ်ခြားသရုပ်ဆောင်တွေပါသွားခဲ့ပါတယ်။စကားပြောနေစဉ်အတွင်းKang Hodong ကဒီSeries ထဲကkiss scene အကြောင်းမျှဝေပေးဖို့Yoon Chanyoung ကိုပြောခဲ့ပါတယ်။

Yoon Chanyoung ကရိုးသားစွာပြောရရင်ဒါကဘဝမှာပထမဆုံးအနမ်းပါလို့ပြောခဲ့ပါတယ်။အဲဒီအချိန်မှာ  ‘Ask Us Anything’ member တွေကမယုံနိုင်ဖြစ်နေကြတာကိုYoon Chanyoung ကတကယ်ကိုပထမဆုံးအနမ်းပါ။ကလေးဘဝထဲကစတင်သရုပ်ဆောင်ခဲ့ပီးဒီလိုနဲ့ပဲတစ်နှစ်ပီးတစ်နှစ်ဆက်ပီးသရုပ်ဆောင်အလုပ်ကိုလုပ်ခဲ့တယ်။တကယ်လို့ဒီအလုပ်ကိုဆက်လုပ်မယ်ဆိုရင်project တစ်ခုခုမှာတော့ငါ့ရဲ့ပထမဆုံးအနမ်းကိုပေးရတော့မယ်ဆိုပီးစိုးရိမ်နေခဲ့တာပါ။ဒီအကြောင်းကိုနှစ်တွေအကြာကြီးစဉ်းစားနေခဲ့ပါတယ်။အခုတော့တကယ်ကိုဖြစ်လာပါပီလို့ရှင်းပြခဲ့ပါတယ်။

သူကဆက်ပီးတကယ်ကိုဘယ်လိုလုပ်ရမလဲမသိတာကြောင့်အဲဒီscene မရိုက်ခင်ညမှာJihu ကိုခေါ်ပီးဘယ်လိုလုပ်မလဲဆိုပီးမေးခဲ့ပါတယ်။ဒါပေမဲ့Jihu ကmovie တစ်ခုမှာkiss scene ရိုက်ဖူးတာမို့ဒီkiss scene အတွက်သူမစိုးရိမ်ပူပန်မှုမရှိနေပါဘူးလို့ပြောခဲ့ပါတယ်။Yoon Chanyoung ကPark Jihu နဲ့နှုတ်ခမ်းထိဖို့ဘယ်လိုခေါင်းစောင်းရမလဲမသိတာကြောင့်နှာခေါင်းချင်းပဲလာတိုက်နေတယ်လို့ပြောပီးအားလုံးကိုရယ်စေခဲ့ပါတယ်။

Source:Soompi

Leave a Reply

Your email address will not be published.