အချစ်နဲ့သူငယ်ချင်းကြားရွေးချယ်မှုလုပ်ခဲ့တဲ့Park Hyung Sik
မကြာခင်ကPark Hyung Sik ဟာHan So-hee နဲ့အတူရိုက်ကူးထားပီးမကြာခင်ထွက်ရှိလာမဲ့ ‘Soundtrack #1’ Drama အတွက်အင်တာဗျူးလုပ်ခဲ့ပါတယ်။သူက“ဒီDrama မှာအချစ်နဲ့သီချင်းရဲ့အနှစ်သာရကိုနက်နဲစွာသင်ခံစားရမှာပါ။ငါကတော့ဒီဇာတ်လမ်းကိုတော်တော်လေးသဘောကျပါတယ်။ဇာတ်ညွှန်းဖတ်တုန်းကပျော်စရာကောင်းခဲ့တယ်။ငါကတကယ်ကိုdirector Kim Hee-won ,Han So-hee တို့နဲ့အလုပ်တူတူလုပ်ချင်ပါတယ်။Drama ရိုက်တုန်းကလဲအရမ်းပျော်ခဲ့ရပါတယ်။Kim Hee-won, Han So-hee နဲ့ငါတို့ကြားကကောင်းမွန်တဲ့chemistry ကိုသေချာပေါက်စောင့်ကြည့်ပေးကြပါ။ဒီDrama ပြသဖို့တောင်မစောင့်နိုင်တော့ပါဘူး” လို့ပြောခဲ့ပါတယ်။
သူကဆက်ပီး“ငါ့ရဲ့ဇာတ်ကောင်Han Seon-woo ကရိုးသားဖြူစင်တဲ့ကောင်လေးပါ။သူ့ရဲ့Seo Eun-soo အပေါ်ထားတဲ့ခံစားချက်တွေကိုထုတ်ပြဖို့ခက်ခဲမယ်လို့ထင်တယ်။ဒါကြောင့်scene တိုင်းဒီခံစားချက်တွေကိုရင်ထဲမှာသိမ်းထားဖို့ကြိုးစားရတယ်။” လို့ပြောခဲ့ပါတယ်။သတင်းသမားတစ်ယောက်က“Han Seon-woo လိုမျိုးအချစ်နဲ့သူငယ်ချင်းကြားရွေးချယ်ရမယ်ဆိုရင်Real life မှာဘာကိုရွေးချယ်မှာလဲ” လို့မေးခဲ့ပါတယ်။ချက်ချင်းပဲသူကပြုံးပီး“အချစ်ကိုပဲရွေးချယ်မှာပါ” လို့ဖြေခဲ့ပါတယ်။
Source:SBS star