ဘာသာစကားပေါင်းစုံနဲ့မကောင်းတဲ့message တွေရခဲ့ကြောင်းပြောပြခဲ့တဲ့Yoo In-soo
မတ်လ(၁၂)ရက်နေ့က‘Knowing Brothers’ show မှာ ‘All of Us Are Dead’ ရဲ့member တွေပါဝင်ခဲ့ပါတယ်။Studio မှာYoo In-soo လမ်းလျှောက်နေစဉ်‘Knowing Brothers’ member တွေကသူ့ရဲ့ကြောက်ဖို့ကောင်းတဲ့ဇာတ်ကောင်Yoon Gui-nam အကြောင်းပြောခဲ့ပါတယ်။သူတို့က“ဒီseries ထဲမှာမင်းအရမ်းကြောက်ဖို့ကောင်းတာပဲ။အရေးကြီးတာကဒီဇာတ်ကောင်ကြောင့်မကောင်းတဲ့မှတ်ချက်တွေရမယ်လို့ငါခံစားနေရတယ်” လို့ပြောခဲ့ပါတယ်။
Yoo In-soo ကရယ်ပီး“ဟုတ်တယ်။ဒီseries ထဲမှာငါကအရမ်းကြောက်ဖို့ကောင်းနေတယ်။ဒါပေမဲ့ငါ့ကိုကြောက်ဖို့မလိုပါဘူး။Real life မှာငါကတကယ်ကိုချစ်ဖို့ကောင်းတာမို့ပါ။ဒါပေမဲ့ဒီseries ထဲကဇာတ်ကောင်ကြောင့်အမုန်းပွားတဲ့မှတ်ချက်တွေအများကြီးရခဲ့တယ်။မယုံနိုင်လောက်အောင်များပြားတဲ့မှတ်ချက်တွေရခဲ့တာပါ။တစ်ကမ္ဘာလုံးကအာရုံစိုက်မှုတွေရခဲ့တော့ဘာသာစကားပေါင်းစုံနဲ့မှတ်ချက်တွေကိုရခဲ့တာပါ။ဒါတွေကိုနားလည်ဖို့အွန်လိုင်းဘာသာပြန်ကိုသုံးခဲ့တယ်။ဘာသာပြန်ဖို့နှိပ်လိုက်တိုင်းhate comment တွေဖြစ်နေတယ်။သူတို့ကငါသရုပ်ဆောင်တာကိုသဘောကျလို့ပဲဆိုပီးကောင်းတဲ့အတွေးပဲတွေးခဲ့တယ်” ဆိုပီးပြောခဲ့ပါတယ်။
နောက်ပီးသူက“ဒီseries ရိုက်ပီးတဲ့အချိန်10 kg လောက်တိုးလာတယ်။ပါးစပ်ကိုသွေးတွေကိုstarch syrup နဲ့လုပ်ထားတာ။အဲဒါကိုနေ့တိုင်းနဲနဲချင်းစားနေရင်းကနေရိုက်ကူးရေးပီးတော့ဝိတ်အများကြီးတက်သွားတာ။အဲဒါကိုအရမ်းချိုတယ်” လို့ပြောခဲ့ပါတယ်။
Source:SBSstar