အထူးအပိုင်းကိုထပ်မံထုတ်ပေးသွားမဲ့‘A Business Proposal’ Drama
SBS ရဲ့အချစ်ဟာသDrama ဖြစ်တဲ့‘A Business Proposal’ Drama ကိုKim Se Jung, Ahn Hyo Seop, Kim Min Kyu နဲ့Seol In Ah တို့ကသရုပ်ဆောင်ထားပီးလက်ရှိမှာအောင်မြင်မှုအကြီးအကျယ်ရနေတဲ့Drama လဲဖြစ်ပါတယ်။
အထူးအပိုင်းရဲ့title ကိုတော့‘Curious Business Proposal Story Y’ လို့နာမည်ပေးထားပီးမတ်လ(၁၉)ရက်နေ့10PM KST မှာထုတ်လွှင့်သွားမှာပါ။မိနစ်(၇၀)သာကြာမဲ့ဒီအပိုင်းကိုလဲကြည့်ရှုသူတွေသဘောကျလာဦးမှာပါ။အထူးပိုင်းမှာအပိုင်း(၁)ကနေ(၆)အထိကြည့်ရှုသူတွေမကြည့်ရသေးတဲ့ဇာတ်ဝင်ခန်းတွေကိုထုတ်ပြသွားမှာပါ။
ဒါ့အပြင်ဒီDrama ရဲ့အဓိကသရုပ်ဆောင်တွေဖြစ်တဲ့Ahn Hyo Seop, Kim Se Jung, Kim Min Kyu နဲ့Seol In Ah တို့ရဲ့စိတ်လှုပ်ရှားဖွယ်ထင်မြင်ချက်တွေကိုထည့်သွင်းသွားမှာပါ။လက်ရှိမှာတော့ ‘A Business Proposal’ Drama ကိုတနင်္လာနဲ့အင်္ဂါနေ့တွေမှာSBS ကနေပြသနေပါတယ်။
Source:Allkpop