ဆင်းရဲလို့အစိုးရဆီကစားစရိတ်ထောက်ပံ့ကြေးနဲ့ခက်ခဲစွာရှင်သန်ခဲ့ဖူးတဲ့Kim Se-jeong

ဆင်းရဲလို့အစိုးရဆီကစားစရိတ်ထောက်ပံ့ကြေးနဲ့ခက်ခဲစွာရှင်သန်ခဲ့ဖူးတဲ့Kim Se-jeong

Kim Se-jeong ရဲ့ခက်ခဲလွန်းတဲ့ဘဝခရီးလမ်းကNetizen တွေကိုအံ့ဩစေခဲ့ပါတယ်။Kim Se-jeong ဟာ2016 တုန်းက  “Produce 101” မှာသူမရဲ့အားကောင်းလွန်းတဲ့vocal နဲ့ချဟ်ဖို့ကောင်းပီးလူမှုရေးအရမ်းကောင်းမွန်သူမို့အချစ်တွေအများကြီးရရှိခဲ့သူပါ။သူမဟာI.O.I girl group ရဲ့member အနေနဲ့debut ခဲ့ပီးနောက်ပိုင်းမှာတော့အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်လာပါတယ်။

Kim Se-jeong ဟာပန်းခင်းလမ်းကိုသာလျှောက်ခဲ့တယ်လို့ထင်ရပေမဲ့ဘယ်သူမှမခန့်မှန်းနိုင်တဲ့သူမရဲ့ခက်ခဲလွန်းတဲ့ဘဝအကြောင်းပြောပြခဲ့ပါတယ်။ဆင်းရဲလွန်းတဲ့မိသားစုကကလေးတွေအတွက်အစိုးရကစားစရိတ်တစ်နေ့3500 won နဲ့နေထိုင်ခဲ့ရတာပါ။ဒါပေမဲ့ပိုက်ဆံပမာဏကအရမ်းနည်းတဲ့အတွက်စားဖို့တောင်ခက်ခဲပါတယ်။မိဘတွေကွာရှင်းခဲ့တာမို့ဆွေမျိုးအိမ်မှာသူမထက်၃နှစ်ကြီးတဲ့အကိုနဲ့အတူကြီးပြင်းခဲ့ပါတယ်။ဒါပေမဲ့သူမဟာဒီလိုအခက်အခဲတွေကိုမေ့ထားပီးအမြဲတမ်းတောက်ပစွာပြုံးနေခဲ့သူပါ။

သူမကမကြာခဏအထင်လွဲခံရပီးဆရာ/ဆရာမတွေဆီမှာလဲအဆူခံရတာမို့သူငယ်ချင်းတွေလဲမရှိခဲ့ပါဘူး။ဒါကြောင့်သူမအရမ်းအထီးကျန်ခဲ့ပါတယ်။မူလတန်းကျောင်းမှာတော့သီချင်းဆိုရတာကိုချစ်တဲ့ကောင်မလေးဖြစ်ခဲ့ပီးagency 20 နဲ့အထက်audition ဝင်ဖြေခဲ့ပါတယ်။နောက်ဆုံးတော့Jellyfish မှာaudition ကို3000:1 rate နဲ့အောင်ခဲ့ပီးtrainee ဖြစ်လာပါတယ်။လက်ရှိမှာတော့သူမရဲ့Drama အသစ်  “A Business Proposal” ကိုပြသနေပီးအောင်မြင်မှုတွေရနေပါတယ်။

Source:Fb

Leave a Reply

Your email address will not be published.