နွေးထွေးလွန်းတဲ့လှူဒါန်းမှုတစ်ခုကိုအားလပ်ရက်မှာလုပ်ခဲ့တဲ့IU

နွေးထွေးလွန်းတဲ့လှူဒါန်းမှုတစ်ခုကိုအားလပ်ရက်မှာလုပ်ခဲ့တဲ့IU

2021 ကုန်ခါနီးလေးမှာIU ဟာနောက်ထပ်နွေးထွေးလွန်းတဲ့လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီဇင်ဘာ(၂၄)ရက်နေ့မှာIU ဟာChildFund Korea ဆီကို200 million won ( $168,560ခန့်) လှူဒါန်းခဲ့ပါတယ်။

သူမရဲ့agency ဖြစ်တဲ့EDAM Entertainment ကနေ“IU ဟာဝင်ငွေနည်းတဲ့ကင်ဆာရောဂါသည်နဲ့ကင်ဆာဖြစ်နေတဲ့ကလေးတွေအတွက်100 million won [$84,280 ခန့်] လှူဒါန်းခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။လှူဒါန်းမှုရဲ့တစ်ချို့ကိုတော့ChildFund Korea မှတစ်ဆင့်ဝင်ငွေနည်းတဲ့မိသားစုတွေအတွက်ဆောင်းတွင်းမှာနွေးထွေးစေမဲ့အဝတ်တွေအတွက်အသုံးပြုခဲ့ပါတယ်။နောက်ပီးအဖိုးအဖွားတွေကပြုစုပျိုးထောင်ပေးနေရတဲ့ကလေးနဲ့လူငယ်တွေအတွက်scholarship တွေမှာထောက်ပံ့ဖို့အသုံးပြုခဲ့ပါတယ်။

နောင်ထပ်လှူဒါန်းမှုကတော့Seoul ASAN Hospital မှာရှိတဲ့ကင်ဆာရောဂါသည်အမျိုးသမီးနဲ့ကလေးတွေအတွက်ခွဲစိတ်ဖို့နဲ့ကုသဖို့အတွက်ပဲဖြစ်ပါတယ်။IU ကလူတိုင်းကပင်ပန်းပီးမောပန်းနေတယ်လို့ခံစားရတဲ့အချိန်ဟာတကယ်ကိုခက်ခဲလွန်းပါတယ်။ဒါပေမဲ့လိုအပ်နေတဲ့သူတွေအတွက်ငါ့ရဲ့ကူညီမှုနဲ့နွေးထွေးတဲ့ခံစားချက်တွေကိုမျှဝေပေးချင်ပါတယ်။လူတိုင်းမိသားစုတစ်ယောက်မှမထွက်သွားပဲနဲ့ဒီဆောင်းတွင်းမှာနွေးထွေးနိုင်ကြဖို့ငါမျှော်လင့်နေပါတယ်လို့ပြောခဲ့ပါတယ်။

IU ကတော့ပုံမှန်အတိုင်းသူ့ပတ်ဝန်းကျင်ကလူတွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးရင်းတတ်နိုင်သလောက်လှူဒါန်းမှုတွေဆက်လုပ်နေဆဲပါ။

Source:Soompi

Leave a Reply

Your email address will not be published.