‘3 Zaap’ မှာသူမရဲ့Drama နဲ့movie အသစ်အကြောင်းပြောပြခဲ့တဲ့Bella Ranee
မတ်လ(၂၀)ရက်နေ့ကBella Ranee ဟာ“3 Zaap” show ကိုဧည့်သည်အနေနဲ့သွားခဲ့ပါတယ်။
သူမဟာလက်ရှိမှာ “Love Destiny 2” Drama ကိုရိုက်ကူးနေပါတယ်။ဘယ်လောက်percent လောက်ရိုက်ကူးပီးနေပီလဲမေးတော့Bella ကဒီမေးခွန်းကိုဖြေဖို့ခက်ခဲကြောင်းပြောခဲ့ပါတယ်။Bella Ranee ကScene တစ်ခုရိုက်ဖို့ဆိုရင်သူမရဲ့ပထမဆုံးဇာတ်ကောင်ကိုအရင်သရုပ်ဆောင်ရပါတယ်။နောက်မှာအဝတ်အစားတွေပြန်လဲပီးနောက်ထပ်ဇာတ်ကောင်ကိုသရုပ်ဆောင်ရတာမို့ဇာတ်ဝင်ခန်းတစ်ခုပီးဖို့အချိန်အများကြီးသုံးရကြောင်းပြောပြခဲ့ပါတယ်။
Bella ကဒီDrama မှာမတူညီတဲ့ဇာတ်ကောင်(၂)ခုကိုသရုပ်ဆောင်နေပါတယ်။ပထမဇာတ်ကောင်က‘ကရာကေ့‘ ဖြစ်ပီးနောက်ထပ်ဇာတ်ကောင်ကတော့အတိတ်ကိုပြန်လည်ရောက်ရှိလာတဲ့‘ဖုသန်‘ တို့ပဲဖြစ်ပါတယ်။
Source:Thai Update