ပြန်လည်ရေပန်းစားလာတဲ့Nam Joohyuk ဖြေခဲ့ဖူးတဲ့သူ့ရဲ့ideal type
‘Twenty-Five, Twenty-One’ Drama ဟာအောင်မြင်မှုတွေရနေပီးBaek Yijin ဇာတ်ကောင်ကိုသရုပ်ဆောင်ထားတဲ့Nam Joohyuk ကလဲထပ်ပီးFan တွေရဲ့ပါးစပ်ဖျားကိုရောက်လာပြန်ပါတယ်။အရင်အပတ်ရဲ့most buzz-worthy Korean actors စာရင်းရဲ့ထိပ်ဆုံးမှာလဲရပ်တည်ခဲ့ပါတယ်။Fan အသစ်တွေကလဲသူ့ရဲ့အကြောင်းကိုစိတ်ဝင်စားလာကြပါတယ်။အရင်ကNam Joohyuk ဖြေခဲ့ဖူးတဲ့ideal type ဟာလက်ရှိမှာရေပန်းစားနေပါတယ်။
ဒီအင်တာဗျူးဟာ2014 တုန်းက ‘@star1’ နဲ့လုပ်ခဲ့တာပါ။သူ့ရဲ့ideal type ကိုမေးတဲ့အခါ“သက်တောင့်သက်သာစကားပြောနိုင်တဲ့သူမျိုးကိုကြိုက်ပါတယ်။ကြည့်လိုက်တာနဲ့ဝဝကစ်ကစ်လေးဖြစ်နေတာမျိုးကိုလဲသဘောကျပါတယ်။ideal type နဲ့အနီးပ်ဆုံးcelebrity တွေရွေးရမယ်ဆိုရင်Park Soojin လိုstyle မျိုးပါ” လို့ပြောခဲ့ပါတယ်။
Model ကနေactor ဘက်က်ုပြောင်းလာတဲ့သူဟာ2016 တုန်းက‘Weightlifting Fairy Kim Bokjoo’ Drama ရဲ့အင်တာဗျူးမှာလဲideal type ကိုထပ်ပြောခဲ့ပါတယ်။သူက“အားကိုးလို့ရပီးအကြံဉာဏ်ပေးတတ်တဲ့သူမျိုးကိုကြိုက်ပါတယ်” လို့ပြောခဲ့ပါတယ်။
Source:Kstarlive