“All Of Us Are Dead” ထဲကသူမရဲ့ဇာတ်ကောင်အတွက်ဆေးလိပ်သောက်လေ့ကျင့်ခဲ့ကြောင်းပြောခဲ့တဲ့Lee Eun Saem

“All Of Us Are Dead” ထဲကသူမရဲ့ဇာတ်ကောင်အတွက်ဆေးလိပ်သောက်လေ့ကျင့်ခဲ့ကြောင်းပြောခဲ့တဲ့Lee Eun Saem

မတ်လ(၂၃)ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့MBC’s ‘Radio Star‘ မှာKim Ha Kyun, Lee Eun Saem, Hwang Hwang Seong နဲ့Kang Hyeong Wook တို့ကဧည့်သည်အနေနဲ့ပါဝင်လာပါတယ်။အဲဒီနေ့မှာLee Eun Saem ကသူမရဲ့SNS followers အရေအတွက်ကိုကြည့်ပီးသူမရဲ့အောင်မြင်မှုကိုနားလည်ခဲ့ကြောင်းပြောခဲ့ပါတယ်။

Park Mi Jin ဇာတ်ကောင်ဟာပထမဆုံးပေါ်လာတဲ့ဆေးလိပ်သောက်တဲ့scene ကတည်းကကြည့်ရှုသူတွေအပေါ်လွှမ်းမိုးထားနိုင်ခဲ့တာပါ။

Lee Eun Saem ကငါကဆေးလိပ်သောက်တဲ့သူမဟုတ်တာကြောင့်ဆေးလိပ်သောက်တာကိုလေ့ကျင့်ခဲ့ရတယ်။ဒါရိုက်တာကစီးကရက်သောက်ပုံသောက်နည်းနဲ့အမူအရာတွေကိုပါသင်ပေးခဲ့တယ်။လို့ပြောခဲ့ပါတယ်။MC Yoo Se Yoon ကအခုဆေးလိပ်သောက်တဲ့သူဖြစ်နေပီလားလို့မေးတဲ့အခါသူမကဆေးလိပ်မသောက်တဲ့သူပါလို့ရယ်ပီးပြောခဲ့ပါတယ်။

Lee Eun Saem ဟာ  ‘All Of Us Are Dead‘ နဲ့MBC’s ‘The Red Sleeve‘ မှာပါဝင်ခဲ့ပီးသူမရဲ့သရုပ်ဆောင်အရည်အချင်းနဲ့အားလုံးကိုအံ့ဩသွားအောင်လုပ်နိုင်ခဲ့ပါတယ်။

Source:SBSstar

Leave a Reply

Your email address will not be published.