Shin Ha Ri ကKang Tae Moo ကိုဘာကြောင့်ချစ်သွားရလဲဆိုတာပြောပြခဲ့တဲ့Kim Sejeong

Shin Ha Ri ကKang Tae Moo ကိုဘာကြောင့်ချစ်သွားရလဲဆိုတာပြောပြခဲ့တဲ့Kim Sejeong

Business Proposal Drama ဟာလက်ရှိမှာနာမည်ကြီးနေတဲ့အချစ်ဟာသK-Drama လေးပါ။သူငယ်ချင်းအစားblind date သွားရင်းသူမရဲ့CEO နဲ့တွေ့ခဲ့ပါတယ်။အစကတော့company ကCEO မှန်းမသိခဲ့ပေမဲ့နောက်ပိုင်းသိသွားပီးဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုဟာသဆန်ဆန်ရိုက်ကူးထားတာမို့ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့အရမ်းကောင်းတဲ့Drama မျိုးပါ။ဇာတ်ကောင်တွေရဲ့လိုက်ဖက်မှုအပြင်Kim Sejeongနဲ့Ahn Hyo Seop တို့ရဲ့Real life ကဆက်ဆံရေးဟာလဲအရမ်းကိုချစ်ဖို့ကောင်းနေပါတယ်။

Kim Sejeong ကHa Ri ဟာTae Moo ရဲ့အချစ်မှာဘာကြောင့်နစ်မျောခဲ့ရလဲဆိုတဲ့သူမရဲ့အတွေးကိုပြောပြခဲ့ပါတယ်။သူမကHa Ri နေရာကနေဝင်ကြည့်ပီးပြောခဲ့တာပါ။Tae Moo ရဲ့အပြစ်ကင်းပီးတစ်ခါတလေမှာကလေးဆန်တဲ့အမူအရာလေးတွေကHa Ri ကိုပြန်ချစ်သွားစေတာပါ။ချမ်းသာတဲ့မိသားစုကမွေးဖွားလာတဲ့သူအနေနဲ့Tae Moo ကသင်ယူချင်တာအကုန်လုံးသင်ယူနိုင်တယ်။သူကအပြစ်ကင်းစင်ပီးတောက်ပနေတဲ့လူငယ်တစ်ယောက်ပါ။သူ့ရဲ့အချစ်ကိုပြသဖို့ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ်ဝန်မလေးပဲပြတတ်ပီးဘယ်တော့မှလက်မလျှော့ခဲ့ဖူး။

အတင်းအကြပ်မဟုတ်ပဲပြန်ချစ်လာတဲ့အထိစောင့်ပေးတယ်။သူ့ရဲ့ခံစားချက်တွေကိုအမူအရာနဲ့သက်သေပြတဲ့အခိုက်အတန့်တိုင်းရိုးသားမှုကိုခံစားရစေတယ်။အမြဲတမ်းလူကြီးဆန်ဆန်နေတတ်တဲ့သူကငါ့အရှေ့မှာတော့ကလေးတစ်ယောက်လိုဖြစ်နေတယ်။ဒါတွေကKim Sejeong ပြောပြခဲ့တဲ့အတွေးအမြင်တွေပဲဖြစ်ပါတယ်။

Source:Koreaboo

Leave a Reply

Your email address will not be published.