သူမရဲ့Drama Series အသစ်အကြောင်းကိုပြောပြခဲ့တဲ့Mai Davika
မတ်လ(၂၄)ရက်နေ့ကMai Davika ဟာ “Waan Kanchai” ဆိုတဲ့နာမည်ကြီးshow မှာspecial guest အဖြစ်ပါဝင်ခဲ့ပါတယ်။
Host ဖြစ်တဲ့Noom Kanchai ကThai TV3 နဲ့Drama အသစ်ရိုက်ကူးဖို့ရှိလားလို့မေးတဲ့အခါသူမကFree agent ဖြစ်တာမို့ဘယ်channel နဲ့ပဲဖြစ်ဖြစ်အလုပ်လုပ်နိုင်ပါတယ်လို့ဖြေခဲ့ပါတယ်။
တကယ်လို့ထုတ်လုပ်ရေးတွေဘက်ကသူမကိုဆက်သွယ်လာခဲ့ရင်အလုပ်တူတူလုပ်ချင်ကြောင်းနဲ့ကမ်းလှမ်းမှုကိုလဲသေချာပေါက်လက်ခံမှာပါလို့ပြောခဲ့ပါတယ်။ဇာတ်ညွှန်းကောင်းတဲ့Drama ဆိုရင်အတွေးအခေါ်သစ်တွေရမှာသေချာပေါက်ပါပဲ။
Mai ကတော့လက်ရှိJooy Warattaya ထုတ်လုပ်တဲ့ “You’re My Heartbeat” Drama အသစ်ဟာPPTV မှာပြသနေပါတယ်။ဒီDrama မှာမင်းသားDj Push နဲ့အတူသရုပ်ဆောင်ထားပါတယ်။အခုတော့ONE 31 ရဲ့Drama အသစ်အတွက်စကားပြောနေပီးNetflix movie အသစ်လဲရှိနေပါတယ်လို့ပြောပြခဲ့ပါတယ်။
Source:Thai Update