Fan တွေကိုထပ်ပီးပြုံးစေခဲ့တဲ့BTS’ V နဲ့Park Hyungsik တို့ရဲ့IG ပေါ်ကတုံ့ပြန်မှုတစ်ခု
မတ်လ(၂၄)ရက်နေ့ကPark Hyungsik ဟာသူ့ရဲ့Drama အသစ်ဖြစ်တဲ့‘Soundtrack #1’ အတွက်promote လုပ်တဲ့အနေနဲ့IG မှာတင်ခဲ့ပါတယ်။သူက“Soundtrack #1′ ကအပတ်စဉ်ဗုဒ္ဓဟူးနေ့ညနေ(၄)နာရီမှာထုတ်လွှင့်ပါမယ်။Disney+ မှာဆုံကြရအောင်” ဆိုတဲ့caption နဲ့တင်ထားတာပါ။
များစွာသောထောင်ကျော်comment တွေထဲကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့V ကလဲ“ငါကြည့်မယ်” လို့ရေးခဲ့ပါတယ်။Park Hyungsik ကလဲ“အင်း။ကျေးဇူးပြုပီးကြည့်လိုက်ပါ” လို့reply ပြန်ထားပါတယ်။
Park Hyungsik နဲ့V တို့ဟာWooga Squad ရဲ့အဖွဲ့ဝင်တွေပါ။ဒီသူငယ်ချင်းအဖွဲ့ထဲမှာPark Seojoon, Choi Wooshik,Peakboy,Park Hyungsik နဲ့V တို့ပါဝင်ပီး2016-2017 Drama ဖြစ်တဲ့ ‘Hwarang: The Poet Warrior Youth’ ရိုက်ကူးမှုအပီးမှာအရမ်းကိုရင်းနှီးတဲ့သူတွေဖြစ်လာပါတယ်။
Source:Kstarlive