“Sleepeeer Hit!” Drama ကိုNam Yoon Su နဲ့အတူKorean Version သရုပ်ဆောင်သွားမဲ့Kim Sejeong
Kim Sejeong ကတော့သူမရဲ့နောက်ထပ်project အတွက်အဆင်သင့်ဖြစ်နေပါပီ။မတ်လ(၂၅)ရက်နေ့ကKim Sejeong ဟာSBS ရဲ့နောက်ထပ်Drama ဖြစ်တဲ့“Today’s Webtoon” (literal title) မှာleading role ကနေသရုပ်ဆောင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။ဒီDrama ဟာ2016 တုန်းကအရမ်းနာမည်ကြီးခဲ့တဲ့Japanese drama “Sleepeeer Hit!” ကိုပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။
ဒီDrama ကတော့webtoon editor အဖြစ်ကူးပြောင်းလာတဲ့ဂျူဒိုကစားသမားတစ်ယောက်ဟာအရည်အချင်းပြည့်တဲ့webtoon editor ဖြစ်လာဖို့ဒီနယ်ပယ်ရဲ့အလုပ်သမားအသစ်အနေနဲ့ကျော်ဖြတ်ရတဲ့အခက်အခဲတွေအကြောင်းကိုပုံဖော်ထားတာပါ။Nam Yoon Su ကလဲဒီDrama မှာပါဝင်ဖို့အတည်ပြုပီးပါပီ။
Kim Sejeong ကတော့ကံကြမ္မာရဲ့ရိုက်ခတ်မှုကြောင့်webtoon editor လောကထဲဝင်လာတဲ့ဂျူနီယာအလုပ်သမားOn Ma Eum အဖြစ်ပါဝင်သွားမှာပါ။On Ma Eum ဟာပြိုင်ပွဲဝင်နေစဉ်အတွင်းသူမရဲ့ခြေကျင်းဝတ်ကိုထိခိုက်ခဲ့တာကြောင့်ကစားသမားအဖြစ်စွန့်လွှတ်ခဲ့ရပါတယ်။ဒါပေမဲ့သူမfood deliver လုပ်နေရင်းအိပ်မက်အသစ်ကိုဆက်မက်ခဲ့ပါတယ်။အဲဒါကတော့webtoon editor နယ်ပယ်ထဲဝင်ဖို့ပါပဲ။
လက်ရှိမှာKim Sejeong ဟာSBS ရဲ့နာမည်ကြီးDrama ဖြစ်နေတဲ့ “A Business Proposal” မှာShin Ha Ri ဇာတ်ကောင်နဲ့အောင်မြင်မှုအများကြီးရရှိနေပါတယ်။Rating ကလဲdouble digit ရထားပါတယ်။“Today’s Webtoon” ကလဲဒီနှစ်ရဲ့အဆုံးလောက်မှာပြသဖို့ရည်ရွယ်နေပါတယ်။
Source:Soompi