Son Yejin ဝတ်ခဲ့တဲ့Wedding Dress တွေရဲ့တန်ဖိုး

Son Yejin ဝတ်ခဲ့တဲ့Wedding Dress တွေရဲ့တန်ဖိုး

မတ်လ(၃၁)ရက်နေ့ဟာSon Yejin, Hyun Bin နဲ့သူတို့ချစ်သူခင်သူတို့ရဲ့အထူးနေ့လေးဖြစ်ခဲ့ပါတယ်။ဒီcelebrity couple ဟာAston House မှာသူတို့ရဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။အဲဒီနေ့မှာပဲသူတို့ရဲ့agency တွေဖြစ်တဲ့MS Team Entertainment နဲ့VAST Entertainment ကနေwedding photo တွေကိုမျှဝေပေးခဲ့ပါတယ်။

    Son Yejin ရဲ့wedding dress နဲ့ပတ်သက်ပီးအစထဲကသိချင်တဲ့သူတွေအများကြီးရှိနေခဲ့တာမို့Wedding photo တွေကသူတို့အတွက်တော့ကံကောင်းမှုပါပဲ။ပထမဆုံးpre-wedding photo မှာSon Yejin ကElie Saab‘s Bridal Spring/ Summer 2022 Collection ကိုဝတ်ထားတာပါ။

ဒီBrand ဟာလူကြိုက်များသလိုဒီထဲမှာအမေရိကန်အရင်သမ္မတဖြစ်တဲ့Donald Trump ရဲ့ဇနီးMelania Trump လဲတစ်ယောက်အပါအဝင်ပါ။ဒီDress ရဲ့တန်ဖိုးဟာခန့်မှန်းခြေUSD 65,000 တန်ဖိုးရှိပါတယ်။

နောက်ထပ်pre-wedding photo တစ်ပုံမှာတော့သူမကVera Wang’s Spring 2020 Bridal Collection ကိုဝတ်ဆင်ထားတာပါ။ဒီDress ကိုSon Yejin နဲ့ကွက်တိကျနေအောင်အထူးပြုပြင်ထားတယ်လို့လဲပြောကြပါတယ်။ဒီDress ရဲ့တန်ဖိုးကတော့ခန့်မှန်းခြေUSD 9,800 တန်ဖိုးရှိပါတယ်။

မင်္ဂလာပွဲမှာဝတ်ဆင်ခဲ့တဲ့Dress ကတော့Mira Zwillinger’s Spring/Summer 2022 collection ကဖြစ်ပါတယ်။Mira Zwillinger ရဲ့သတို့သမီးဝတ်စုံတွေဟာcustomer ရဲ့အတိုင်းနဲ့ချုပ်ပါတယ်။စတင်တဲ့စျေးနှုန်းကတော့USD 11,000 ဖြစ်ပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.