Son Yejin ကိုမင်္ဂလာဝတ်စုံနဲ့တွေ့လိုက်ရတာဝမ်းသာလွန်းလို့ငိုမိတယ်ဆိုတဲ့Jeon Mido
မကြာခင်ကJeon Mido ဟာ ‘Thirty-Nine’ Drama အတွက်အင်တာဗျူးလုပ်ခဲ့ပါတယ်။စကားပြောနေစဉ်အတွင်းJeon Mido ကသူမရဲ့co-star Son Yejin နဲ့Hyun Bin တို့ရဲ့မင်္ဂလာပွဲအကြောင်းကိုပြောပြခဲ့ပါတယ်။သူမက“Drama စရိုက်တုန်းကငါတို့(၃)ယောက်ကအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အရာတွေပဲပြောခဲ့ပီးအမျိုးသားအကြောင်းတွေမပြောခဲ့ဘူး။Drama ထဲမှာစိတ်ခံစားချက်တွေဖော်ပြရတဲ့ဇာတ်ဝင်ခန်းများတာမို့စကားအများကြီးပြောဖို့အချိန်မရခဲ့ဘူး” လို့ပြောခဲ့ပါတယ်။
သူမကဆက်ပီး“Drama ရိုက်ကူးပီးမကြာခင်မှာပဲသူမရဲ့wedding အကြောင်းကိုသတင်းရခဲ့တယ်။Son Yejin ကိုမင်္ဂလာဝတ်စုံနဲ့မြင်လိုက်တဲ့အခါငိုခဲ့မိတယ်။ငါတို့သိလာတာ(၆)လလောက်ပဲရှိသေးပေမဲ့သူမကအထက်တန်းကျောင်းထဲကသူငယ်ချင်းတစ်ယောက်လိုခံစားရတယ်။ငိုမိတဲ့အတွက်လဲကိုယ့်ကိုယ်ကိုအံ့ဩမိတယ်။ငါငိုနေတာမြင်တော့Yejin ကဘာလို့ငိုခဲ့တာလဲလို့မေးတယ်။သူတို့ရဲ့Wedding ကDrama ထဲကဇာတ်ဝင်ခန်းတစ်ခုလိုပဲ” လို့ပြောခဲ့ပါတယ်။
Source:Kstarlive