Nadech Kugimiya ဆီကမမျှော်လင့်ထားတဲ့လက်ဆောင်ရခဲ့တယ်လို့ဆိုတဲ့Yaya Urassaya
ဧပြီလ(၅)ရက်နေ့ကYaya Urassaya ဟာevent တစ်ခုတက်ခဲ့ပီးသတင်းထောက်တွေနဲ့အင်တာဗျူးခဲ့ပါတယ်။
သတင်းထောက်တွေကNadech Kugimiya ရဲ့မွေးနေ့ဆုတောင်းpost မှာ“အချစ်ရဆုံးမိန်းကလေးရေ၊Happy Birthday ပါ” ဆိုတဲ့စာသားအပေါ်Yaya ရဲ့ခံစားချက်ကိုမေးခဲ့ပါတယ်။
Yaya ကသူမအဲဒီစာကိုမြင်ပီးအရမ်းအံ့ဩခဲ့ပါတယ်။သူ့ကိုလဲချစ်ပါတယ်လို့ပြောခဲ့ပါတယ်။သတင်းထောက်တွေကNadech Kugimiya ဟာအရင်တိုင်းsweet နေတုန်းလားလို့မေးတဲ့အခါYaya ကသူဟာအရမ်းsweet ဖြစ်တဲ့သူပါ။နောက်ပီးမွေးနေ့လက်ဆောင်အဖြစ်ရွှေချောင်းရရှိခဲ့ကြောင်းလဲပြောခဲ့ပါတယ်။
အစကတော့သူမကအဲဒီလက်ဆောင်ကိုချောကလက်လို့ထင်နေတာပါ။ဒါပေမဲ့ရွှေချောင်းဖြစ်နေတော့မမျှော်လင့်ထားတဲ့လက်ဆောင်မို့နကယ်ကိုအံ့အားသင့်ခဲ့ရပါတယ်ဆိုပီးပြောသွားခဲ့ပါတယ်။