နာမည်ကြီးတွေရှိတဲ့GOLD MEDALIST ကိုရောက်သွားပီဖြစ်တဲ့Seol Inah
Seol Inah ဟာအခုတော့GOLD MEDALIST လက်အောက်ကမင်းသမီးတစ်ယောက်ဖြစ်လာပါပီ။ဧပြီလ(၁၁)ရက်နေ့တုန်းကGOLD MEDALIST ကနေSeol Inah ဟာcompany နဲ့စာချုပ်ချုပ်ဆိုခဲ့ကြောင်းအတည်ပြုပေးခဲ့ပါတယ်။
Company က“အကန့်အသတ်မရှိအောင်အလားအလာအများကြီးရှိတဲ့Seol Inah နဲ့company တို့အတူလုပ်သွားမဲ့လှုပ်ရှားမှုတွေအတွက်အားပေးကြဖို့ပြောလိုပါတယ်” ဆိုပီးထုတ်ပြန်ခဲ့ပါတယ်။
Seol Inah ဟာမကြာခင်ကမှ‘A Business Proposal’ Drama ထဲကJin Youngseo ဇာတ်ကောင်နဲ့အောင်မြင်မှုအများကြီးရရှိခဲ့သူပါ။Kim Mingue နဲ့chemistry မိလွန်းတဲ့အတွက်လဲအချစ်တွေအများကြီးရရှိနေသူဖြစ်ပါတယ်။GOLD MEDALIST မှာလဲထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့Kim Soohyun, Seo Yeji, Kim Saeron, Choi Hyunwook, Lee Jonghyun နဲ့များစွာသောသရုပ်ဆောင်တွေရှိနေပါတယ်။