Son Yejin နဲ့Hyun Bin တို့ရဲ့မင်္ဂလာပွဲမှဧည့်သည်တွေရရှိခဲ့တဲ့လက်ဆောင်တန်ဖိုး

Son Yejin နဲ့Hyun Bin တို့ရဲ့မင်္ဂလာပွဲမှဧည့်သည်တွေရရှိခဲ့တဲ့လက်ဆောင်တန်ဖိုး

Wedding မှာပေးတဲ့လက်ဆောင်တွေဟာများစွာသောနာမည်ကြီးbrand တွေကဖြစ်ပါတယ်။မင်္ဂလာလက်ဆောင်တွေဟာသတို့သားနဲ့သတို့သမီးကနေမင်္ဂလာပွဲတက်ရောက်လာတဲ့ဧည့်သည်တွေကိုကျေးဇူးတင်တဲ့အနေနဲ့ပြန်လည်ပေးအပ်တဲ့လက်ဆောင်ဖြစ်ပါတယ်။မင်္ဂလာလက်ဆောင်တွေဟာထုံးစံအတိုင်းသေးငယ်တဲ့အရာလေးတွေဆိုပေမဲ့Son Yejin နဲ့Hyun Bin တို့ကတော့အကောင်းဆုံးအရာတွေကိုပြင်ဆင်ထားပါတယ်။     သူတို့မင်္ဂလာပွဲမှာပြန်လည်ပေးအပ်တဲ့လက်ဆောင်တွေကတော့  ‘VANAV’ ကrolling up massage stick‘Tom Ford’ ကရေမွှေးset‘Baccarat’ ကswing small bowl set တို့ပဲဖြစ်ပါတယ်။ဒီပစ္စည်းတွေရဲ့တန်ဖိုးတွေကိုကြည့်ရအောင်။

brand’s official website အရrolling up massage stick ဟာတစ်ခုကိုKRW 298 thousand (ခန့်မှန်းခြေUSD 244) ရှိပါတယ်။ဒါပေမဲ့အခုစျေးတွေချနေတာမို့KRW 259,000 (ခန့်မှန်းခြေUSD 212) နဲ့ဝယ်ယူနိုင်ပါတယ်။

‘Tom Ford’ ကရေမွှေးတွေကတော့အနံ့အလိုက်30ml-size ကိုUSD 75 ကနေ163 ထိရှိပါတယ်။

‘Baccarat’ ကswing small bowl set ကတော့KRW 300,000 (ခန့်မှန်းခြေUSD 246)ရှိပါတယ်။‘Baccarat’ ဟာပြင်သစ်အနုပညာတွေနဲ့အထူးပုံဖော်ထားတဲ့ထုတ်ကုန်တွေဖြစ်ပီးကမ္ဘာတစ်ဝှမ်းမှာလဲနာမည်ကြီးတဲ့luxury brand တစ်ခုဖြစ်ပါတယ်။သလင်းကျောက်နဲ့လက်ဝတ်ရတနာတွေကိုအထူးထုတ်လုပ်ပါတယ်။

Son Yejin နဲ့Hyun Bin တို့ရဲ့မင်္ဂလာပွဲလက်ဆောင်တွေဟာ  ‘Tom Ford’ ကစျေးအနဲဆုံးရေမွှေးပေးမယ်ဆိုရင်တောင်USD 715 တန်ဖိုးရှိပါတယ်။ဒါမှမဟုတ်စျေးကြီးတာပေးခဲ့ရင်တော့USD 979 လောက်ဖြစ်သွားနိုင်ပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.