SM Entertainment နဲ့စာချုပ်ချုပ်လိုက်ပီဖြစ်တဲ့”Dance Prodigy” Na Haeun

SM Entertainment နဲ့စာချုပ်ချုပ်လိုက်ပီဖြစ်တဲ့“Dance Prodigy” Na Haeun

ဧပြီလ(၂၀)ရက်နေ့ကSM Entertainment ကနေမကြာခင်ကမှအကမှာအရွယ်နဲ့မလိုက်အောင်တော်လွန်းတဲ့Na Haeun နဲ့စာချုပ်ချုပ်လိုက်ပီဖြစ်ကြောင်းအတည်ပြုထုတ်ပြန်ချက်ထုတ်လာပါတယ်။   

Na Haeun ဟာအသက်ငယ်ရွယ်ပီးပြောင်မြောက်တဲ့အကတွေကြောင့်  ‘Awesome Haeun’ ဆိုတဲ့Youtube channel နဲ့social media တွေမှာနာမည်ကြီးသူတစ်ယောက်ပါ။Na Haeun ဟာSM Entertainment အောက်ကtrainee တစ်ယောက်ဖြစ်လာပီဆိုတဲ့သတင်းဟာမကြာခင်ကမှသတင်းခေါင်းစဉ်တွေအပေါ်ရောက်ရှိလာခဲ့ပါတယ်။

သတင်းတွေထွက်ပီးမကြာခင်မှာပဲNa Haeun ဟာSM Entertainment ကစီမံနေတဲ့@pinkinmyblood ဆိုတဲ့TikTok channel မှာpost တစ်ခုတင်ခဲ့ပါတယ်။NCT Taeyong နဲ့Wonstein တို့ရဲ့‘Love Theory’ သီချင်းအတွက်#LoveTheoryChallenge ကိုလုပ်ဖို့လေ့ကျင့်နေတာကိုတွေ့ရမှာပါ။အခုတော့ဒီသတင်းကိုအတည်ပြုလိုက်ပါပီ။နောင်တစ်ချိန်မှာSM Entertainment ကနေအောင်မြင်တဲ့K-pop star တစ်ယောက်မွေးထုတ်ပေးနိုင်ဖို့မျှော်လင့်နေကြပါတယ်။

Source:Kstarlive

Leave a Reply

Your email address will not be published.