ဆွစ်ဇာလန်မှာMark Prin လက်ထပ်ခွင့်တောင်းခဲ့တဲ့Kimmy Kimberley ရဲ့လက်စွပ်တန်ဖိုးနဲ့လက်စွပ်အကြောင်း

ဆွစ်ဇာလန်မှာMark Prin လက်ထပ်ခွင့်တောင်းခဲ့တဲ့Kimmy Kimberley ရဲ့လက်စွပ်တန်ဖိုးနဲ့လက်စွပ်အကြောင်း

များစွာသောပြည်တွင်းပြည်ပFan တွေကMark Prin နဲ့Kimmy Kimberley တို့အတွက်ဂုဏ်ပြုတဲ့စာတွေအများကြီးပို့ပေးခဲ့ကြပါတယ်။

Top actor ဖြစ်တဲ့Mark Prin ဟာသူ့ရဲ့ကောင်မလေးKimmy ကိုဧပြီလ(၁၇)ရက်နေ့မှာပဲဆွစ်ဇာလန်မှာရှိတဲ့Burgenstock Resort Hotel မှာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သတင်းအရဒီhotel ဟာKimmy Kimberley ရဲ့အကြိုက်ဆုံးhotel ဖြစ်ပါတယ်။အကြောင်းကတော့သူမအကြိုက်ဆုံးမင်းသမီးAudrey Hepburn ကဒီနေရာမှာလက်ထပ်ခဲ့လို့ပါပဲ။

ဧပြီလ(၂၁)ရက်နေ့မှာတော့Mark Prin နဲ့Kimmy Kimberley တို့ရဲ့သူတို့ရဲ့အမှတ်အရဆုံးအခိုက်အတန့်တွေကိုIG မှာတရားဝင်ချပြလာပါတယ်။TNN Thailand အရလက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ဟာCARTIER DESTINÉE SOLITAIRE ဖြစ်ပီး700,000 Baht နီးပါးတန်ဖိုးရှိပါတယ်။

ဒီလက်စွပ်ကိုလက်စွပ်အပြင်လည်ဆွဲအနေနဲ့ပါအသုံးပြုနိုင်ပီးအရာရာစေ့စပ်သေချာလွန်းတဲ့Mark Prin ကတော့လက်စွပ်မှာသူတို့အတွဲရဲ့သင်္ကေတလေးဖြစ်တဲ့MK စာလုံးလေးကိုရေးထိုးထားပါတယ်။

Source:Thai Update

Leave a Reply

Your email address will not be published.