လက်ထပ်ဖို့နဲ့ပတ်သက်ပီးသူမရဲ့အတွေးကိုဖွင့်ဟခဲ့တဲ့Park Minyoung

လက်ထပ်ဖို့နဲ့ပတ်သက်ပီးသူမရဲ့အတွေးကိုဖွင့်ဟခဲ့တဲ့Park Minyoung

Park Minyoung ကသူမရဲ့အသက်(၃၀)ကျော်အရွယ်မှာရှိတဲ့အတွေးတွေကိုမျှဝေခဲ့ပါတယ်။ဧပြီလ()ရက်နေ့ကPark Minyoung ဟာ  ‘Forecasting Love and Weather’ ပီးဆုံးတဲ့အနေနဲ့အင်တာဗျူးလုပ်ခဲ့ပါတယ်။

     သူမကအခုရောနောက်ရောအချစ်ထက်အလုပ်ကိုပဲပိုပီးဦးစားပေးသွားမှာပါ။အနာဂတ်မှာလက်ထပ်ဖြစ်ခဲ့ရင်တောင်သရုပ်ဆောင်အလုပ်ကိုဆက်လုပ်နေဦးမှာပါ။ဒီစိတ်ဆုံးဖြတ်ချက်ကိုဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး။

လူတွေကအခုအသက်အရွယ်ဟာလက်ထပ်သင့်ပီလို့ပြောကြတယ်။ဒါပေမဲ့ဒီအရွယ်ကအလုပ်ပိုလုပ်သင့်တာပါ။ဘယ်လိုအလုပ်လုပ်ရမယ်ဘယ်အချိန်အနားယူရမယ်ဆိုတာသိပါတယ်။ဒါကအလုပ်လုပ်ဖို့အကောင်းဆုံးအချိန်ပါပဲလို့ပြောခဲ့ပါတယ်။

Park Minyoung ကတကယ်တော့အသက်(၂၀)အစောပိုက်းမှာတင်လက်ထပ်ဖို့အတွေးကိုစတွေးနေခဲ့တာပါ။အသက်(၂၇)နဲ့(၃၀)လောက်မှာလက်ထပ်မယ်လို့တွေးခဲ့ဖူးတယ်။ဒါပေမဲ့ဒီအသက်အရွယ်တွေအားလုံးကျော်ဖြတ်ခဲ့ပီးတာတောင်အလုပ်လုပ်ရတာကိုချစ်နေတုန်းပါပဲ။တစ်ခြားအရာတွေအတွက်စိတ်ပင်ပန်းစရာတွေဖြစ်ပေမဲ့အလုပ်အတွက်တော့အမြဲစိတ်လှုပ်ရှားနေခဲ့တာပါ။

ဒါကြောင့်လဲလက်ထပ်ဖို့အမြဲဝေးကွာနေတာလို့ထင်ပါတယ်။ဆက်ပီးအလုပ်ကိုပဲအာရုံစိုက်သွားမှာပါ။လို့ပြောခဲ့ပါတယ်။Park Minyoung ဟာ1986 မှာမွေးဖွားခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပီးလွယ်လွယ်နဲ့မချစ်တတ်တဲ့မိန်းကလေးမျိုးဖြစ်ကြောင်းသူမကိုယ်တိုင်ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published.