Drama ရဲ့ဇာတ်သိမ်းပိုင်းကိုပြောင်းပေးဖို့တစ်ခါတောင်းပန်ခဲ့ဖူးတဲ့Kim Taeri
‘Twenty-Five, Twenty-One’ Drama ရဲ့နောက်ဆုံးအင်တာဗျူးမှာKim Taeri ကကြည့်ရှုသူတွေကိုစိတ်ဆိုးစေခဲ့တဲ့ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပီးသူမရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။
သူမက“ဇာတ်ညွှန်းရေးသူကဇာတ်သိမ်းကိုဒီလိုမျိုးဖြစ်ရမယ်လို့တွေးထားတဲ့အတွက်ဘာမှမပြောလိုပါဘူး။ဒီဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပီးစာရေးသူကိုပြောင်းပေးဖို့တောင်းပန်ခဲ့ဖူးပါတယ်။ဇာတ်သိမ်းကြောင့်ငါလဲအရမ်းကိုစိတ်မကောင်းဖြစ်ရတာကြောင့်ပါ” လို့ပြောခဲ့ပါတယ်။
သူမကဆက်ပီး“Drama ရဲ့အစမှာတော့အရမ်းကိုလှပပီးဟာသဆန်တဲ့ဇာတ်ဝင်ခန်းတွေကိုတွေ့ရမှာပါ။ဒါပေမဲ့Heedo အရွယ်ရောက်လာတော့ဇာတ်လမ်းကreal life ကလိုဖြစ်လာပါတယ်။အပြင်မှာလဲဘယ်လောက်ပဲအရမ်းပျော်ရွှင်နေခဲ့ပါစေအဆုံးသတ်မလှနိုင်တဲ့ဇာတ်လမ်းတွေကအများကြီးပါ။ဇာတ်လမ်းအရအချစ်ဦးနဲ့ပျော်ရွှင်စွာပေါင်းဖက်သွားလို့ရနိုင်ပေမဲ့Real life ကအဆုံးသတ်တွေကမမေ့နိုင်တဲ့ခွဲခွာခြင်းတွေပါပဲ” လို့ပြောခဲ့ပါတယ်။
Source:Kstarlive