Donut နဲ့Meimei တို့ရဲ့”Miracle of love” Drama အကြောင်း

Donut နဲ့Meimei တို့ရဲ့“Miracle of love” Drama အကြောင်း

2022 အတွင်းThai Ch7 ကပြသမဲ့စာရင်းထဲမှာမြန်မာကပရိတ်သတ်တွေရင်းနှီးပီးသားမင်းသားDonut နဲ့မင်းသမီးချောလေးMeimei တို့ရဲ့  “Miracle of love” Drama လဲပါဝင်ပါတယ်။လက်ရှိမှာDrama ကိုရိုက်ကူးနေဆဲဖြစ်ပီးများစွာသောfan တွေကစောင့်မျှော်နေတဲ့Drama ပဲဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအကျဉ်းကိုဖော်ပြပေးလိုက်ပါတယ်။

 

သူမမှာကိုယ်ဝန်ရှိနေတယ်ဆိုတာသိသွားခဲ့တဲ့Janesuda ဟာသူမရဲ့ချစ်သူAtiruj ရဲ့ဘဝကိုဖျက်ဆီးတဲ့သူတစ်ယောက်အဖြစ်နာမည်အတပ်ခံရပါတော့တယ်။အရာအားလုံးကိုစိတ်ရှည်သည်းခံပီးသူတို့ရဲ့အချစ်ရေးကိုကာကွယ်ခဲ့ပါတယ်။

ဒါပေမဲ့အချစ်ဆိုတာအမြဲတမ်းတော့မချိုမြနိုင်ဘူးလေ။Atiruj အတွက်အချစ်တွေတဖြည်းဖြည်းပျောက်ကွယ်လာတယ်လို့သူမခံစားလာခဲ့ရတာမို့အရာအားလုံးကိုနာကျင်နေတဲ့နှလုံးသားနဲ့စွန့်ခွာခဲ့ပါတယ်။ချစ်သူရဲ့ထားခြင်းကိုခံခဲ့ရတဲ့Atiruj ကတော့ရက်စက်ပီးအေးစက်တဲ့နှလုံးသားနဲ့ဘဝကိုဆက်ပီးရှင်သန်ခဲ့ပါတယ်။

သူကJanesuda ဟာသူ့မိသားစုရဲ့ပိုက်ဆံတွေကိုယူပီးရှင်သန်နေတယ်လို့ယုံကြည်ထားသူပါ။ဒါကြောင့်လဲJanesuda ကိုစက်ဆုပ်ခဲ့ပါတယ်။၅နှစ်ကြာပီးနောက်သူ့ရဲ့ကလေးနဲ့မထင်မှတ်ပဲပြန်ဆုံခဲ့ပီးAtiruj ကshock ရခဲ့ပါတယ်။Janesuda ကသူ့ကိုလိမ်ခဲ့ပီးကလေးနဲ့အချိန်အကြာကြီးခွဲထားခဲ့လို့ပါ။ကလေးကိုပြန်ရဖို့အကောင်းဆုံးကြိုးစားရင်းသူ့ကိုနာကျင်အောင်လုပ်ခဲ့တဲ့Janesuda ကိုလဲပြန်နာကျင်အောင်လုပ်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာမို့Drama Fan တွေကြည့်သင့်တဲ့Drama ထဲပါပါတယ်နော်။

Source:Google

Leave a Reply

Your email address will not be published.