အမေရိကမှာလွတ်လပ်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ဟန်းနီးမွန်းကပုံတွေထွက်လာတဲ့Son Yejin နဲ့Hyun Bin
ဧပြီလ(၂၄)ရက်နေ့ကYejin နဲ့Hyun Bin တို့ရဲ့photo တစ်ချို့social media ပေါ်မှာပျံ့နှံ့လာပါတယ်။သူတို့ဟာတူညီတဲ့အသုံးအဆောင်တွေဝတ်ဆင်ပီးKorean town မှာရှိတဲ့စားသောက်ဆိုင်တစ်ခုမှာအစားစားနေတဲ့ပုံတွေကိုတွေ့ရမှာပါ။
ကြင်စဦးဇနီးမောင်နှံရဲ့သတင်းအသစ်တွေတွေ့လိုက်ရတော့Fan တွေကအရမ်းပျော်ခဲ့ကြပါတယ်။ဒါ့အပြင်သူတို့ရဲ့ပုံကိုရိုက်ခဲ့တဲ့အတွက်ဝေဖန်အပြစ်တင်တာလဲရှိခဲ့ပါတယ်။ဟန်းနီးမွန်းခရီးဟာသူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာမို့ဓာတ်ပုံမရိုက်သင့်ကြောင်းပြောခဲ့ကြပါတယ်။
များစွာသောcomment တွေထဲက“ဘာလို့ဒီfan ကသူတို့ပုံတွေရိုက်ခဲ့တာလဲ“”Son Yejin နဲ့Hyun Bin တို့လွတ်လပ်မှုအတွက်တကယ်ကိုစိတ်မကောင်းဘူး“”Celebrity တွေအတွက်private ဖြစ်ဖို့တကယ်ကိုခက်ခဲပါတယ်” ဆိုပီးမှတ်ချက်တွေပေးခဲ့ကြပါတယ်။
Source:Kstarlive